လွိုင်ကော်မြို့တွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမူကြောင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိ

PUBLISHED - December 26, 2023
နေပြည်တော်၊ ဒီဇင်ဘာ ၂၆
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့၊ ဒေါတနောကျေးရွာ၏ အရှေ့ဘက် (၁) မိုင်ခန့်အကွာတွင် အကြမ်းဖက်အဖွဲ့များမှ လက်နက်ကြီးကျည်ဖြင့်ပစ်ခတ်ရာ အမျိုးသားတစ်ဦး ဒဏ်ရာရရှိကြောင်း သိရသည်။
ဒီဇင်ဘာလ ၂၃ ရက် ညနေ ၃ နာရီကျော်တွင် လွိုင်ကော်မြို့သို့ ဈေးဝယ်သွားသည့် အမျိုးသားတစ်ဦးမှာ ဒေါတ နောကျေးရွာ၏ အရှေ့ဘက် (၁) မိုင်ခန့်အကွာသို့ရောက်တွင် KNPP /KNDF/ PDF ပူးပေါင်းအကြမ်းဖက်အဖွဲ့မှ လက်နက်ကြီးကျည်ဖြင့်ပစ်ခတ်ရာ ထိုလက်နက်ကြီးကျည်မှာ ထိုနေရာသို့ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ထိုလက်နက်ကြီးကျရောက်ပေါက်ကွဲမူကြောင့် ဒဏ်ရာရရှိသည့် အမျိုးသားမှာ ဦးလှစိန်မှာ ညာဘက်လက် မောင်းကျိုးဒဏ်ရာ၊ ဘယ်ဘက်ပါးသွေးထွက် ပေါက်ပြဲဒဏ်ရာ၊ ဘယ်ဘက်လည်ပင်းအောက်ဖောက် ဝင်ဒဏ်ရာ များမှာ (စိုးရိမ်ရ) ကြောင်း ၎င်းကိုတာဝန်ရှိပြည်သူများမှ ဆီဆိုင်မြို့၊ ပြည်သူ့ဆေးရုံမှတစ်ဆင့် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံတွင် ဆေးကုသခံယူနေရကြောင်း သိရသည်။
Photo – Credit
#PeopleMedia