• Follow Us on
Latest News

Home လွိုင်ကော်မြို့နယ်တွင် အကြမ်းဖက်အဖွဲ့ထောင်ထားသည့်မိုင်းပေါက်ကွဲမှုများကြောင့် လူ ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိ

လွိုင်ကော်မြို့နယ်တွင် အကြမ်းဖက်အဖွဲ့ထောင်ထားသည့်မိုင်းပေါက်ကွဲမှုများကြောင့် လူ ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁၃

 

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ မင်းစုရပ်ကွက်နှင့် နောင်ယား (က)ရပ်ကွက်တို့တွင် အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းပေါက်ကွဲမှုများကြောင့် လူ ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

 

ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၉ နာရီတွင် လွိုင်ကော်မြို့နယ်၊ မင်းစုရပ်ကွက်နေ ကိုဝေယံထူး (၂၈)နှစ်သည် ၎င်း၏နေအိမ်အနောက်ဘက်၌ ထင်းခြောက်များ လိုက်လံကောက်ယူနေစဉ် အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ) က ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ပေါက်ကွဲမှုကြောင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး လွိုင်ကော်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

 

ထို့ပြင် နေ့လယ် ၁၂ နာရီခွဲတွင် လွိုင်ကော်မြို့နယ်၊ မင်္ဂလာရပ်ကွက်နေ ဦးသိုးရယ် (၆၀)နှစ်သည် နောင်ယား(က)ရပ်ကွက်၊ အိမ်အမှတ် (နက/၁၀၆)ရှိ ပစ္စည်းများအား ပြောင်းရွှေ့နေစဉ် ခြံဝင်းအတွင်းမှ အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ) က ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ပေါက်ကွဲမှုကြောင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး လွိုင်ကော်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post