• Follow Us on

Home လွိုင်ကော်မြို့ရှိ မြို့နာမ်ရွှေစေတီတော်ကို KNPP/PDF များက လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီး

လွိုင်ကော်မြို့ရှိ မြို့နာမ်ရွှေစေတီတော်ကို KNPP/PDF များက လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီး

Share this post

 

နေပြည်တော်၊ ဇန်နဝါရီ ၁၇

 

ကယားပြည်နယ် လွိုင်ကော်မြို့ရှိ သမိုင်းဝင် မြို့နာမ်ရွှေစေတီတော်ကို KNPP အကြမ်းဖက်သောင်းကျန်း သူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက် ဆီးခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်သမားများအနေဖြင့် တည်ငြိမ်အေးချမ်းမှုကိုပျက်ပြားစေရန်၊ ပြည်သူလူထု အထိတ်တလန့် ဖြစ်စေရန်နှင့် အစိုးရအုပ်ချုပ်မှုယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်ချက်များဖြင့် စစ်ရေးနှင့် မသက်ဆိုင်သည့် အများပြည်သူပိုင် အဆောက်အဦများ၊ ဌာနဆိုင်ရာအဆောက်အဦများနှင့် လမ်း၊ တံတားများအား ဖောက်ခွဲ ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိသည်။ ထို့ပြင် ဗုဒ္ဓဘာသာ ဝင်များ အထွတ်အမြတ်ထားရာ ဘုရား၊ စေတီ၊ ပုထိုးများနှင့် သာသနိက အဆောက်အဦများ အပါအဝင်  အခြားဘာသာဝင် များ၏ ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ ဘုရားရှိခိုး ကျောင်းများအား  Drop Bomb များပစ်ချခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် ဖျက်ဆီးခြင်းများကို ရည်ရွယ်ချက် ရှိရှိ ပစ်မှတ်ထား လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရသည်။

 

ထိုသို့လုပ်ဆောင်လျက်ရှိရာ ကယားပြည်နယ်အတွင်းရှိ KNPP အကြမ်းဖက် သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက ဒေသခံပြည်သူ ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ လွိုင်ကော်မြို့ရှိ သမိုင်းဝင် မြို့နာမ် ရွှေစေတီတော်အား အဝေးမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီးမှုများ လုပ် ဆောင်ခဲ့ကြောင်း သိရှိရပြီး  အကြမ်းဖက်သမားများ ပစ်ခတ်ခဲ့သည့် လက်နက်ကြီး ကျည်များသည် စေတီတော် ပရိဝုဏ်အတွင်း ကျရောက်ပေါက်ကွဲခဲ့မှုကြောင့်   စေတီတော်၏ ကိုယ်လုံးတော်နှင့် အခြားသာသနိက အဆောက်အဦများတွင် လက်နက်ကြီးကျည် ထိမှန်ပျက်စီးမှု အချို့ရှိခဲ့ကြောင်း သိရသည်။

 

ယင်းသို့ အကြမ်းဖက်သောင်းကျန်းသူများ၏ ဘုရားစေတီများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို မိုက်ရိုင်းစော်ကားစွာ ဖျက်ဆီးနေမှုများကို ဗုဒ္ဓဘာသာ ဝင် ရဟန်းရှင်လူပြည်သူများက လုံးဝ လက်မခံနိုင်ဘဲ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့တွင် ပြင်းထန်စွာ ကန့်ကွက် ရှုံ့ချလျက်ရှိကြောင်းနှင့် အဖွဲ့အစည်း အသီးသီးကလည်း ကန့်ကွက်ရှုတ်ချသည့် ကြေညာချက်များ ထုတ်ပြန်ထားကြသည်။

 

#PeopleMedia


Share this post