• Follow Us on

Home လွိုင်ကော်မြို့ရှိ သီရိမင်္ဂလာဈေးအား အကြမ်းဖက်သောင်းကျန်းသူများက Drop Bomb များဖြင့် ပစ်ချတိုက် ခိုက်မှုကြောင့် မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း နစကထုတ်ပြန်

လွိုင်ကော်မြို့ရှိ သီရိမင်္ဂလာဈေးအား အကြမ်းဖက်သောင်းကျန်းသူများက Drop Bomb များဖြင့် ပစ်ချတိုက် ခိုက်မှုကြောင့် မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း နစကထုတ်ပြန်

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁၂

 

ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ သီရိမင်္ဂလာဈေးအတွင်းသို့ ယမန်နေ့နံနက်ပိုင်းက တပ်မတော်မှ လက်နက် ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဈေးတစ်ခုလုံး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရကြောင်း သိရ သည်။

 

အဆိုပါသတင်းနှင့်ပတ်သက်၍ လွိုင်ကော်မြို့ရှိ တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းမှုနှင့် ဒေသခံပြည်သူများ ၏ သတင်းပေးပို့မှုအရ ဒီဇင်ဘာ ၁၀ ရက် နံနက် ၁ နာရီခန့်တွင် အကြမ်းဖက်သောင်းကျန်းသူများက သီရိမင်္ဂ လာဈေးအား Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်မှုကြောင့် ဈေးတစ်ခုလုံး မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရ သည်။ တပ်မတော်အနေဖြင့် ပြည်သူလူထုနေထိုင်ရာနေရာများသို မည်သည့်အခါမျှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း မရှိခဲ့ဘဲ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို အကြမ်းဖက်သောင်းကျန်းသူများရန်မှ အစဉ်တစိုက် ကာ ကွယ်ပေးလျက်ရှိကြောင်း သိရသည်။

 

အကြမ်းဖက်သောင်းကျန်းသူများသည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် လူမှုစီးပွားဘဝကို ပျက်စီး စေရန် လုပ်ဆောင်လျက်ရှိကြောင်း၊ ယခုဖြစ်စဉ်တွင်လည်း အကြမ်းဖက်သောင်းကျန်းသူများက ရည်ရွယ်ချက် ရှိရှိဖြင့် လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးအား မီးလောင်ပျက်စီးစေရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် အကြမ်း ဖက်အားပေး ပြည်ဖျက်မီဒီယာများက အကြမ်းဖက်သောင်းကျန်းသူများ၏ လုပ်ရပ်များအား ဖုံးကွယ်ပေးရန်၊ ဒေသခံပြည်သူများမှ တပ်မတော်အပေါ် အထင်အမြင်လွဲမှားစေရန်၊ ပြည်သူနှင့် တပ်မတော်ပူးပေါင်း၍ အကြမ်း ဖက်မှုချေမှုန်းရေး စစ်ဆင်ရေးဆောင်ရွက်နေမှုကို ထိခိုက်စေရန်အတွက် တပ်မတော်မှ ပစ်ခတ်သော လက်နက် ကြီးကျည်ကြောင့် မီးလောင်ပျက်စီးခဲ့သည်ဟု သတင်းမှားများကို ဖန်တီးရေးသားဖြန့်ဝေခြင်းသာဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post