• Follow Us on
Latest News

Home လွိုင်ကော်မြို့အတွင်းသို့ အကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူတစ်ဦး သေဆုံးပြီး ကလေး ၄ ဦးအပါအဝင် ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိ

လွိုင်ကော်မြို့အတွင်းသို့ အကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူတစ်ဦး သေဆုံးပြီး ကလေး ၄ ဦးအပါအဝင် ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ ဇူလိုင် ၉

 

ကယားပြည်နယ်၊ လွိုင်ကော်မြို့အတွင်းသို့ KNPP/KNDF အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့တို့က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူတစ်ဦးသေဆုံးပြီး ကလေးငယ် ၄ ဦး အပါအဝင် ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဇူလိုင် ၄ ရက် ညနေပိုင်းတွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့အတွင်းရှိ နည်းပညာတက္ကသိုလ်၊ မြကလပ်တောင်၊ သီရိဒေါလမ်းဆုံနှင့် အခြားနေရာအများအပြားသို့ KNPP/KNDF အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့တို့က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လောဓမ္မရပ်ကွက်၊ နမ့်ဘော်ဝမ် (က) ရပ်ကွက်၊ ရွာတန်းရှည်ရပ်ကွက်၊ ကျောက်တောင်ရပ်ကွက်များအတွင်းသို့ လက်နက်ကြီး ကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူ ၁ ဦး သေဆုံးခဲ့ရကာ ကလေးငယ် ၄ ဦးအပါအဝင် စုစုပေါင်း ဒေသခံပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

သေဆုံး/ထိခိုက်ဒဏ်ရာရရှိသူများအား နယ်မြေခံတပ်မတော်ဆေးရုံသို့ပို့ဆောင်၍ လိုအပ်သည့် ဆေးဝါးကုသမှု များ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post