• Follow Us on
Latest News

Home လွိုင်လင်မြို့တွင် ကျပ်သိန်း (၅၀၀၀) ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းနှင့် အခြားဓာတုပစ္စည်းများ ဖမ်းဆီး ရမိ

လွိုင်လင်မြို့တွင် ကျပ်သိန်း (၅၀၀၀) ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းနှင့် အခြားဓာတုပစ္စည်းများ ဖမ်းဆီး ရမိ

Share this post

နေပြည်တော်၊ ဇူလိုင် ၁၄

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့တွင် တရားမဝင်သယ်ဆောင်လာသည့် ငွေကျပ်သိန်း ၅၀၀၀ ကျော် တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းနှင့် အခြားဓာတုပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ သိရသည်။

 

တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၂၉ ရက်နေ့ နံနက် ၇ နာရီခွဲအချိန် ရှမ်းပြည်နယ်(တောင် ပိုင်း)၊ လွိုင်လင်မြို့အဝင်တိုးဂိတ်တွင် တောင်ကြီးမှ လွိုင်လင်ဘက်သို့ ဝေယံမြင့်သူ(ခ)မောင်မောင် မောင်းနှင်ပြီး အောင်မင်းသူ(ခ)အောင်ငဲလေး လိုက်ပါလာသည့် ၂၂ ဘီးတွဲယာဉ်၊ ငြိမ်းထိုက်စံ မောင်းနှင်ပြီး သီဟကိုကို လိုက်ပါလာသော ၂၂ ဘီးတွဲယာဉ်၊ ဇင်ဝင်းထွေး မောင်းနှင်ပြီး လင်းထက်ဇော် လိုက်ပါလာသည့် ၂၂ ဘီးတွဲ ယာဉ်နှင့် အေးမင်းအောင် မောင်းနှင်ပြီး အာကာဦး လိုက်ပါလာသော ၂၂ ဘီးတွဲယာဉ်တို့ကို သတင်းအရရှာ ဖွေရာ အဆိုပါတွဲယာဉ် ၄ စီးဖြင့် တရားမဝင်သယ်ဆောင်လာသည့် ဒေသကာလ တန်ဖိုး ငွေကျပ်သိန်း ၅၀၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း Hydrochloric Acid ၂၂၀၄၀ လီတာ၊ Sulphuric Acid ၁၂၀၀၀ လီတာနှင့် အခြားဓာတုပစ္စည်း Dichloromethane Acid ၂၆၇၂၀ လီတာ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်အရ နံနက် ၈ နာရီခွဲအချိန် ထိန်းချုပ်ဓာတုပစ္စည်းများနှင့် ဓာတုပစ္စည်းများသယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူ စစ်ငြိမ်းထွန်း နှင့် ရဲလင်းထက်တို့အား လွိုင်လင်မြို့အထွက်တွင် TOYOTA ALPHARD ယာဉ်နှင့်လည်းကောင်း၊ ညနေ ၆ နာရီခွဲ အချိန် မင်းမင်းသက်နိုင်(ခ)ကိုမင်း၊ ရဲထွန်းသိန်း(ခ)ထွန်းထွန်း နှင့် နေမျိုးလင်း(ခ)ကိုလတ်တို့အား နမ့်စန်မြို့၊ ရပ်ကွက် (၄) တွင် TOYOTA WISH ယာဉ်နှင့်လည်းကောင်း၊ ည ၁၀ နာရီခွဲအချိန် မျိုးခင်အား ပုဇွန်တောင်မြို့ နယ်၊ (၂)ရပ်ကွက်၊ နေကြာလမ်းရှိ ၎င်း၏နေအိမ်တွင်လည်းကောင်း အသီးသီးဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ထိန်းချုပ်ဓာတုပစ္စည်းများနှင့် အခြားဓာတုပစ္စည်းများအား ရန် ကုန်မှ နမ့်စန်သို့ သယ်ဆောင်၍ မူးယစ်ဆေးဝါးနှင့် စိတ်ပြောင်းဆေးဝါးများထုတ်လုပ်ရာတွင် အသုံးပြုခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ ၁၄ ဦးအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post