• Follow Us on
Latest News

Home လွိုင်လင်မြို့တွင် မော်တော်ယာဉ်တစ်စီးပေါ်၌ ခဲယမ်းများနှင့်အတူ PDF တစ်ဦး ဖမ်းဆီးရမိ

လွိုင်လင်မြို့တွင် မော်တော်ယာဉ်တစ်စီးပေါ်၌ ခဲယမ်းများနှင့်အတူ PDF တစ်ဦး ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၄

 

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့အထွက် နေမင်းရောင်တိုးဂိတ်အနီးတွင် မော်တော်ယာဉ်များအား စစ် ဆေးမှုများဆောင်ရွက်နေစဉ် ယာဉ်တစ်စီး၏ ခေါင်းမိုးပေါ်တွင် ခဲယမ်းများသိမ်းဆည်းရမိကြောင်း သိရသည်။

 

စက်တင်ဘာလ ၁၂ ရက်နေ့တွင် လွိုင်လင်မြို့မှ တောင်ကြီးဘက်သို့ သန့်ဇင်ဦးမောင်းနှင်လာသည့် သုခအောင် ယာဉ်လိုင်း၊ ယာဉ်အမှတ် MDY/4R.7822 (KING LONG) အဖြူရောင်ယာဉ်အား စစ်ဆေးရာတွင် ယာဉ်၏ခေါင် မိုးကပ်ခြံပေါ်တွင် ပီနံအိတ်အတွင်းထဲ၌ စက္ကူဂျပ်ဖာဖြင့် ထည့်ထားသည့် ခဲယမ်းများကို သိမ်းဆည်းရမိကြောင်း သိရသည်။

 

ထိုစက္ကူဂျပ်ဖာဖြင့် BULLET MASTER စာတမ်းပါ စက္ကူအတွင်း 7.62 x51mm ကျည် ၂၀ တောင့်စီပါ (၃၈) ဗူး၊ Sellier&Bellat စာတမ်းပါစက္ကူဗူးအတွင်း7.62 x51mmကျည် ၅၀ တောင့်စီပါ ၂ ဗူး၊ ၂၀ တောင့်စီပါ ၆ ဗူး၊ စုစု ပေါင်း ကျည် ၉၀၈ တောင့် ဖမ်းဆီးရမိကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post