• Follow Us on

Home လွိုင်လင်မြို့နယ်တွင် ALPHARD ယာဉ်ပေါ်မှ ကျပ်သိန်း ၂၄၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီး ရမိ

လွိုင်လင်မြို့နယ်တွင် ALPHARD ယာဉ်ပေါ်မှ ကျပ်သိန်း ၂၄၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီး ရမိ

Share this post

နေပြည်တော်၊ သြဂုတ် ၂၉

 

လွိုင်လင်မြို့နယ်တွင် TOYOTA ALPHARD မော်တော်ယာဉ်ပေါ်မှ ၂၄၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

 

သြဂုတ်လ ၂၆ ရက်နေ့  ည ၈ နာရီအချိန် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သက်သေများနှင့်အတူ  လွိုင်လင်မြို့နယ်၊ ဟိုတင့်ကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် နောင်မင်းအေး မောင်း နှင်ပြီး တင်မောင်ထွန်းနှင့် မနှင်းနှင်းဝေတို့လိုက်ပါလာသည့် TOYOTA  ALPHARD အမျိုးအစား မော်တော် ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀၀၀၀ ပြား(ဒေသကာလပေါက် ဈေးတန်ဖိုးငွေကျပ်သိန်း ၂၄၀၀)နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ည ၉ နာရီ ၃၀ အချိန် အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခိုင်းသူ သန်းနိုင်နှင့် မမြမြသီတို့အား တပ်ကုန်းမြို့၊ ကင်းသာပူးပေါင်းစစ်ဆေးရေးဂိတ်တွင် TOYOTA KLUGER အမျိုးအစား မော်တော်ယာဉ် ၁ စီး၊ လက်ကိုင်ဖုန်း ၃ လုံးတို့နှင့်အတူ ထပ်မံဖမ်းဆီး ရမိခဲ့သဖြင့် နောင်မင်းအေး (၂၆)နှစ်၊ တင်မောင်ထွန်း(၅၅)နှစ်၊ မနှင်းနှင်းဝေ(၃၀)နှစ်၊ သန်းနိုင်(၅၅)နှစ်နှင့် မမြမြသီ (၅၅) နှစ်တို့အား လွိုင်လင် မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post