လွိုင်လင်မြို့နှင့် မိုင်းရှုးမြို့တို့တွင် PDF နှစ်ဦးနှင့်အတူ လက်နက်/ခဲယမ်းများ သိမ်းဆည်းရမိ

PUBLISHED - September 12, 2023
နေပြည်တော်၊ စက်တင်ဘာ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်နှင့် မိုင်းရှုးမြို့နယ်တို့တွင် PDF နှစ်ဦးထံမှ လက် နက်/ခဲယမ်းများကို သိမ်းဆည်းရရှိကြောင်း သိရသည်။
စက်တင်ဘာလ ၁၀ ရက်နေ့တွင် လွိုင်လင်မြို့နယ်၊ ဟိုတင့်ကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့များမှ မော် တော်ယာဉ်များအား စစ်ဆေးရာတွင် လွိုင်လင်ဘက်မှ တောင်ကြီးဘက်သို့ စိုင်းမြမောင် မောင်းနှင်လာသည့် မော်တော်ယာဉ်ထဲတွင် 91 ဗုံးသီး(ဖြူးစ်ပါ)တစ်လုံး၊ မိုင်းရှုး ကျောက် ၃၂ ပွင့်နှင့် ငွေကျပ် ၂၂၀၇၀၀၀ ကျပ်တို့ အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ထိုဖမ်းဆီးရရှိသည့် PDF စိုင်းမြမောင်အား စစ်ဆေးရာတွင် မိုင်းရှုးမြို့နယ်၊ လွိုင်ဆောင်ထောက်ဒေသတွင် နေ ထိုင်သည့် အိုက်ပီး၏ နေအိမ်အားလုံခြုံရေးတပ်ဖွဲ့များမှ သွားရောက်စစ်ဆေးရာတွင် ထိုနေအိမ်ထဲ၌ ခေါက်ချိုး သေနတ်(အတို) တစ်တောင့်ထိုးအမျိုးအစား ၁ လက်၊ ဒဿမ ၃၀ ကာဘိုင်ကျည် ၂ ထောင့်၊ ပွိင့် ၂၂ ကျည်အိမ် ၁ ခု၊ ပွိင့် ၂၂ ကျည် ၃၆ တောင့်နှင့် အရှည် ၁၃ လက်မ ခန့်ရှိ တရုတ်စာတန်းပါ လိမ္မော်ရောင် ယမ်းပျော့ တောင့် ၅ တောင့်တို့အား ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။
Photo – Credit
#PeopleMedia