• Follow Us on
Latest News

Home လှည်းကူးနှင့် ပဲခူးရှိ ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည့်နေရာများအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေး

လှည်းကူးနှင့် ပဲခူးရှိ ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည့်နေရာများအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေး

Share this post

နေပြည်တော်၊ အောက်တိုဘာ ၁၃

 

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သည့်  ကြာအင်းကျေးရွာရှိ ဆီဆုံကုန်းသာသနာ့ရိပ်သာကျောင်းတိုက်၌ ယမန်နေ့တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ အင်း တိုင်တပ်နယ်မှ နယ်မြေခံတပ်မတော်သားများက  ကျောင်းတိုက်အတွင်းအပြင် ရေဝင်ခဲ့သည့်နေရာများ၌ တင်ကျန်ခဲ့သည့် နှုံးများနှင့် အမှိုက်များ ဖယ်ရှားရှင်းလင်းပေးခြင်း စသည့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက် ပေးခဲ့သည်။

 

အလားတူ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့အတွင်း ရေကြီးရေလျှံမှုကြောင့် ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည့် နေရာ များ၌ ရေများ ပြန်လည်ကျဆင်းသွားပြီဖြစ်သဖြင့် တင်ကျန်ခဲ့သည့် နှုံးများနှင့် အမှိုက်များအား ဖယ်ရှားပေး ခြင်းနှင့် ရေစီးရေလာကောင်းမွန်စေရန် ရေနုတ်မြောင်းများ ပြန်လည်တူးဖော်ပေးခြင်း စသည့်လုပ်ငန်းများကို ဌာနဆိုင်ရာဝန်ထမ်းများ၊ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ ဆောင်ရွက်ပေးခဲ့သည်။

 

ထို့ပြင် ပဲခူးမြို့အတွင်းဖွင့်လှစ်ထားရှိသည့် ရေဘေး ကယ်ဆယ်ရေးစခန်း များအား ယမန်နေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး ရေဘေးသင့်ပြည်သူများအား ဆန်၊ ဆီ၊ ရေသန့်ကတ်များနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

 

#PeopleMedia


Share this post