• Follow Us on
Latest News

Home လှည်းကူးမြို့တွင် ”ထိပ်တန်း” ကာရာအိုကေဆိုင်ရှိ ပလပ်ခုံဝါယာကြိုးအပူလွန်ကဲ၍ မီးလောင်မူဖြစ်ပွား

လှည်းကူးမြို့တွင် ”ထိပ်တန်း” ကာရာအိုကေဆိုင်ရှိ ပလပ်ခုံဝါယာကြိုးအပူလွန်ကဲ၍ မီးလောင်မူဖြစ်ပွား

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၄

 

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ မင်းလွင်ကုန်းကျေးရွာ၊ ရန်ကုန်-ပဲခူးလမ်းမကြီးပေါ်ရှိ ”ထိပ်တန်း” ကာရာအိုကေဆိုင်တွင် ပလပ်ခုံဝါယာကြိုးအပူလွန်ကဲ၍ မီးလောင်မူဖြစ်ပွားကြောင်း သိရသည်။

 

ဒီဇင်ဘာလ ၂ ရက် ညနေ ၃ နာရီကျော်တွင် အလျား ၅၀၊ အနံ ၃၀ နှစ်ထပ်ခွဲအဆောက်အအုံရှိ မျက်နှာကြက် ပြုပြင်ရန်အတွက် ဝရိန်ပုံးအားအိပ်ခန်းပလပ်ခုံမှတစ်ဆင့် သွယ်တန်းအသုံးပြုရာမှတစ်ဆင့် ပလပ်ခုံနှင့် ဝါယာ ကြိုးအပူလွန်ကဲ၍ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

 

ထိုနေရာသို့ မြို့နယ်မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ် (၁) စီး၊ ရေသယ်ယာဉ် (၁) စီးဖြင့် မီးငြိမ်းသတ်ရာ (၂၅) မိနစ်အချိန်တွင် မီးငြိမ်းသွားကြောင်း၊ ထိုမီးလောင်မှုကြောင့် အိပ်ခန်းအတွင်းရှိ ကုတင်၊ ဗီရို၊ မွေ့ယာနှင့် အ ဝတ်အစား၊ ကာရာအိုကေအခန်းရှိ ကာရာအိုကေစက်နှင့် ဆက်စပ်ပစ္စည်းများ မီးလောင်ကျွမ်းခဲ့ကြောင်း သိရ သည်။

 

Photo – Credit

 

#PeopleMedia


Share this post