လှည်းကူးမြို့တွင် မော်တော်ဆိုင်ကယ် ၁ စီး အရှိန်မထိန်းနိုင်ဘဲ ရေမြောင်းထဲသို့ထိုးကျရာ အမျိုးသား (၂) ဦး သေဆုံး
PUBLISHED - October 2, 2023
နေပြည်တော်၊ အောက်တိုဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့၊ ကျွန်းကုန်းကျေးရွာရှိ လမ်းဘေးရေမြောင်းထဲသို့ မော် တော်ဆိုင်ကယ် ၁ စီး အရှိန်မထိန်းနိုင်ဘဲ ထိုကျတိမ်းမမှောက်ရာမှ အမျိုးသား (၂) ဦး သေဆုံးသွားကြောင်း သိရသည်။
ယနေ့နံနက် ၇ နာရီအချိန်တွင် ပြည်သူများမှ လှည်းကူးမြို့ ကရုဏာရှင်အသင်းသို့ ဖုန်းဆက်အကြောင်းကြား သောကြောင့် ဖြစ်စဉ်နေရာသို့ သွားရောက်ခဲ့ကြောင်း သိရသည်။
ထိုသေဆုံးသည့် အမျိုးသား (၂) ဦးမှာ လက်ရှိအချိန်တွင် နေရပ်လိပ်စာတို့ သိရှိရခြင်းမရှိကြောင်း ရုပ် အလောင်းများကို မြို့နယ်ဆေးရုံရှိ မော်ကျူရီသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Photo – Credit
#PeopleMedia