• Follow Us on
Latest News

Home လှည်းကူးမြို့နယ်တွင် ယာဉ်တိုက်မှုဖြစ်ရာမှ အမျိုးသား ၁ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရရှိ

လှည်းကူးမြို့နယ်တွင် ယာဉ်တိုက်မှုဖြစ်ရာမှ အမျိုးသား ၁ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ မေ ၂၅

 

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဒရယ်ဖိုကျေးရွာ၊ ရန်ကုန်-ပဲခူးလမ်းမကြီးဘေး၊ တိုးဂိတ်အနီးတွင် မေလ ၂၅ ရက်နေ့၊ နံနက် ၄ နာရီ ၃၄ အချိန်က ယာဉ်တိုက်ဖြစ်ရာမှ အမျိုးသား ၁ ဦးသေဆုံးကာ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။

 

လှည်းကူးမြို့နယ်၊ ဒရယ်ဖိုကျေးရွာ၊ ရန်ကုန်-ပဲခူးလမ်းမကြီးဘေး၊ တိုးဂိတ်အနီးတွင် ယာဉ်တိုက်၍ လူညပ်နေ ကြောင်း သတင်းရရှိသဖြင့် လှည်းကူးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ယာဉ်တိုက်မှုကြောင့် အမျိုးသား (၃)ဦးအနက် အမျိုးသား (၁)ဦး သေဆုံးခဲ့ပြီး၊ အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာရ(စိုးရိမ်ရ)နှင့် အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)တို့အား MEDICAL လူငယ်များ လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် လှည်းကူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post