လှည်းကူးမြို့နယ်ရှိ ရတနာအောင်မြေဘုန်းတော်ကြီးကျောင်းအတွင်းသို့ ရေဝင်ရောက်မှုဖြစ်ပွား
PUBLISHED - October 9, 2023
နေပြည်တော်၊ အောက်တိုဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ မဲဇလီကုန်းကျေးရွာ၊ ရတနာအောင်မြေဘုန်းတော်ကြီးကျောင်း အတွင်းသို့ ယနေ့ နံနက် ၈ နာရီ ၄၀ အချိန်က ရေဝင်ရောက်မှု ဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။
လှည်းကူးမြို့နယ်၊ မဲဇလီကုန်းကျေးရွာ၊ ရတနာအောင်မြေဘုန်းတော်ကြီးကျောင်းအတွင်းသို့ ရေဝင်ရောက်မှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြောက်ပိုင်းခရိုင်မီးသတ်စခန်း၊ မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်း၊ အင်းစိန်မြို့ နယ်မီးသတ်စခန်း၊ လှည်းကူးမြို့နယ်မီးသတ်စခန်း၊ ရွှေပြည်သာမြို့နယ်မီးသတ်စခန်းနှင့် မှော်ဘီမြို့နယ်မီး သတ်စခန်းတို့မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်း များနှင့်ပူးပေါင်း၍ ကူညီရွှေ့ပြောင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ ၈ ရက်နေ့၊ မွန်းလွဲ ၃ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး ၊ မှော်ဘီမြို့နယ်တွင် မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် ဖူးကြီးရေလှောင်တမံသည် ပုံမှန်ရေပြည့်အမှတ်ထက် ပိုသောကြောင့် ရေပိုလွှဲများမှ ရေများလျှံကျလာ၍ မြောင်းတကာအုပ်စုအတွင်းရှိ ရွှေကျွန်းတောကျေးရွာ၊ အုတ်ဖိုစုကျေးရွာနှင့် နှင်းဆီမြိုင်ရပ် ကွက်များအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။
#PeopleMedia