• Follow Us on

Home လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီးနှင့် ပဲခူးတို့ရှိ ရေဘေးသင့်ပြည်သူများအား တပ်မတော်သားများမှ ကူညီကယ် ဆယ်ရေးလုပ်ငန်းများဆောင်ရွက်

လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီးနှင့် ပဲခူးတို့ရှိ ရေဘေးသင့်ပြည်သူများအား တပ်မတော်သားများမှ ကူညီကယ် ဆယ်ရေးလုပ်ငန်းများဆောင်ရွက်

Share this post

နေပြည်တော်၊ အောက်တိုဘာ ၁၁

 

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကျောက်ကုတင်ကျေးရွာအုပ်စု၊ ကဒစ်ကျေးရွာ၊ မှော်ဘီမြို့နယ်၊ မြောင်းတကာကျေးရွာနှင့် တိုက်ကြီးမြို့နယ်၊ ဖလုံကျေးရွာအုပ်စု၊ စပါးကိုင်းကျေးရွာတို့၌ အောက်တိုဘာလ ၉ ရက်တွင် မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် ရန်ကုန်တိုင်း စစ်ဌာနချုပ် ကွပ်ကဲမှုအောက် နယ်မြေခံတပ်မတော်သားများက ရေဘေးသင့် ပြည်သူများအား ရေဘေးကင်းလွတ်သည့် နေရာများနှင့် ယာယီကယ်ဆယ်ရေး စခန်းများသို့ ကူညီကယ်ဆယ်ရွှေ့ပြောင်းခြင်း၊ မော်တော်ယာဉ်များသွား လာနိုင်ရေး ကူညီဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ သည်။

 

ထိုသို့ဆောင်ရွက်နေမှုများကို ယနေ့တွင် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး စားသောက်ဖွယ်ရာများပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

 

အလားတူ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၌ အောက်တိုဘာလ ၇ ရက်မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့် နေရာများသို့ ယနေ့တွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်နှင့် တာဝန်ရှိသူများက ကွပ်ကဲမှုအောက်ရှိ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက ရေဘေးသင့် ပြည်သူများအား ယာယီကယ်ဆယ် ရေးစခန်းများသို့ ရွှေ့ပြောင်းကူညီပေးနေမှုများကို သွားရောက်ကြည့်ရှုအားပေးပြီး စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

အဆိုပါ ပဲခူးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပဲခူးမြို့၏ စိုးရိမ်ရေအမှတ်အထက်(၁၁၉) စင်တီမီတာ ကျော်လွန်ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post