လှည်းတန်းတွင် အခန်းတစ်ခန်းဖောက်ထွင်းခံရ၍ IPhone (၄) လုံးအပါအဝင် ငွေကျပ် သိန်း (၁၀၀) ခန့်ပါသွား
PUBLISHED - December 29, 2023
နေပြည်တော်၊ ဒီဇင်ဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ လှည်းတန်း၊ ခိုင်ရွှေဝါလမ်းရှိ (၅) လွှာအခန်းတွင် လူ (၇) ယောက် အိပ်နေစဉ် သူခိုးများဝင်ရောက်ခိုးရာ IPhone (၄) လုံးအပါအဝင် ငွေကျပ် သိန်း (၁၀၀) ခန့်ပါသွားကြောင်း ထိုနေအိမ်မှ မိသားစုဝင်တစ်ဦးမှ ပြောပါတယ်။
ဒီဇင်ဘာလ ၂၈ ရက် နံနက်ခင်းအချိန်တွင် ခိုင်ရွှေဝါလမ်းရှိ (၅) လွှာအခန်း၏ နောက်ဖေးရှိအရေးပေါ်လှေကား ပေါ်မှအခန်းပေါ်သို့တတ်လာပြီး အခန်းထဲတွင် အိပ်ပျော်နေသည့် အမျိုးသားတစ်ဦးမှ အခန်းထဲသို့သူခိုးဝင်လာ သည်ကို မြင်လိုက်သော်လည်း အိပ်ပျော်သွားကြောင်း ထိုနေအိမ်မှ မိသားစုဝင်တစ်ဦးမှ လူမူကွန်ယက်ပေါ်တွင် ပြောပါတယ်။
“အိမ်မှာ လူခုနှစ်ယောက်အိပ်ပါတယ်။ တိုက်ခန်း (၅) လွှာကိုတက်ခိုးတာပါ။ ညကအိမ်မှာ လူခုနှစ်ယောက် အိပ်ပါတယ်။ တစ်ယောက်မကျန် ဖုန်းတွေအကုန်ခိုးသွားပါတယ်။ ညီမမောင်လေးမြင်လိုက်ပေမဲ့ လုံးဝအိပ်ပျော် သွားပြီး(နည်းနည်းခပ်ဝဝ တက်တူးပါ ပါတယ်တဲ့) မနက်မှ သိကျတာပါ။ ဖုန်းတွေကလည်း iphone တွေချည်း ပါပဲ ညီမအစ်မဆို ဝယ်ထားတာ ၅ ရက်ပဲရှိသေးတယ်” လို့ မိသားစုဝင်တစ်ဦးမှ လူမူကွန်ယက်ပေါ်တွင် ရေး သားဖော်ပြထားပါတယ်။
ထိုပျောက်ဆုံးသွားသည်များမှာ iphone 14 pro -128၊ iphone 11pro max -256၊ iphone 11 -128 ၊ iphone 12 -128၊ Oppo ၊Samsaung A15 ၊ Vivo Y21၊ ရွှေထည်ပစ္စည်းများ၊ ထိုဖုန်းထဲရှိ kpay ထဲငွေ ငွေ (၅) သိန်း နှင့်အတူ ပိုက်ဆံအိတ်ထဲရှိ ငွေ (၂) သိန်းတို့ ပါသွားကြောင်း စုစုပေါင်းတန်ဖိုးငွေ သိန်း(၁၀၀) နီးပါရှိကြောင်း၊ အဆိုပါပစ္စည်းများကို လာရောက်ရောင်းချပါက ၀၉-၇၅၀၈၁၁၆၀၃ အား ဖုန်းဆက်သွယ်ပေးပါရန် ထိုဆက် သွယ်အကြောင်းကြားသူများကို ကျေးဇူးဆပ်မည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါတယ်။
Photo – Credit
#PeopleMedia