• Follow Us on

Home လှိုင်မြစ်အတွင်း ကျောင်းသားများနှင့် ခရီးသည်များ လိုက်ပါလာသည့် သမ္ဗာန်မှောက်ပြီး ကျောင်းသားများ အပါအဝင် ရှစ်ဦးပျောက်ဆုံးနေ

လှိုင်မြစ်အတွင်း ကျောင်းသားများနှင့် ခရီးသည်များ လိုက်ပါလာသည့် သမ္ဗာန်မှောက်ပြီး ကျောင်းသားများ အပါအဝင် ရှစ်ဦးပျောက်ဆုံးနေ

Share this post

နေပြည်တော်၊ ဇူလိုင် ၁၀

 

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရားဆိပ်ကမ်းမှ ရေမိုင် (၅)ဖာလုံခန့်အကွာရှိ လှိုင်မြစ်ထဲမှ တွင် ကျောင်းသားများနှင့် ခရီးသည်များ လိုက်ပါလာသည့် သဗ္ဗာန်တစီး တိမ်းမှောက်သဖြင့် ကျောင်းသား အပါအဝင်လူ ရှစ်ယောက် ပျောက်ဆုံးနေကြောင်း သိရသည်။

 

ယနေ့ ဇူလိုင်လ (၁၀)ရက် နံနက် (၈)နာရီခန့်က လှိုင်မြစ်အတွင်း သမ္ဗာန်တစ်စီးနှင့် ကုန်များဆွဲလာသည့် သင်္ဘောတိုက်မိပြီး သမ္ဗာန်ပါ နစ်မြုပ်သွားခြင်းဖြစ်ကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။

 

အဆိုပါ သမ္ဗာန်တွင်လိုက်ပါလာသည့် ခရီးသည်များအနက်  (၈)ဦးသာ ကယ်ဆယ်နိုင်ခဲ့ပြီး ကျောင်းတက်နေ သည့် ကျောင်းသား (၃)ဦး အပါအဝင် (၈)ဦး ပျောက်ဆုံးနေကြောင်း သိရသည်။

 

လက်ရှိအချိန်တွင် ကယ်ဆယ်ရှာဖွေရေးကို လူမှုကူညီရေးအသင်းအပြင် အနောက်ပိုင်းခရိုင်မီးသတ်စခန်းမှ 191 ယာဉ်(၁)စီး၊ သူနာတင်ယာဉ်(၁)စီး၊ ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ သူနာတင်ယာဉ်(၁)စီး၊ အလုံမြို့ နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ကြည့်မြင်တိုင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ကမာရွတ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတိုဖြင့် ပူးပေါင်း ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင် နေကြောင်း သိရသည်။

 

#PeopleMedia


Share this post