• Follow Us on

Home လှိုင်မြို့နယ်တွင် ရွှေဆိုင်မှ အိမ်ပြန်သယ်လာသည့် ရွှေငါးပိဿာအား လက်နက်ကိုင်များ လူတစ်စုမှ သေနတ်ပစ်ပြီး လုယက်

လှိုင်မြို့နယ်တွင် ရွှေဆိုင်မှ အိမ်ပြန်သယ်လာသည့် ရွှေငါးပိဿာအား လက်နက်ကိုင်များ လူတစ်စုမှ သေနတ်ပစ်ပြီး လုယက်

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၂

 

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ (၄)ရပ်ကွက်တွင် ရွှေဆိုင်မှ အိမ်ပြန်သယ်လာသည့် ရွှေငါးပိဿာအား လက်နက်ကိုင် လူတစ်စုမှ သေနတ်ပစ်ပြီး လုယက်မှု ယမန်နေ့ ညနေ ၆ နာရီခွဲအချိန်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ကမာရွတ်မြို့နယ် အင်းစိန်လမ်းနှင့် ဆင်ရေတွင်းလမ်းထောင့်တွင် ဖွင့်ထားသော မြရွှေယုံရွှေဆိုင်မှ သေတ္တာသုံးလုံးဖြင့် ထည့်ထားသော ရွှေထည်ငါးပိသာကို နေအိမ်သိုကားဖြင့် ကားဖြင့် သယ်ဆောင်လာစဉ် လှိုင်မြိုနယ်၊ (၄)ရပ်ကွက်၊ အေးရိပ်မွန်လမ်းမကြီး၊ ခြံအမှတ်(၂)ရှေ့အရောက်တွင် နောက်မှ လိုက်လာသည့် စိစစ်ဆဲအဖြူရောင်ကားပေါ်မှ လူနှစ်ဦးဆင်းလာကာ တစ်ဦးကသေနတ်ဖြင့် ကားသမားကိုချိန်ပြီး တစ်ချက် ပစ်ခတ်ခဲ့သော်လည်း ကျည်ဆံမှာ လူမထိဘဲ နေအိမ်သံတံခါးကိုသာ ထိမှန်ခဲ့ကြောင်း သိရသည်။

 

ထို့နောက် ကားပေါ်မှ ဆင်းလာသူနောက်တစ်ဦးက ပစ္စည်းသယ်လာသည့်ကား၏ နောက်လေကာမှန်ကို တူဖြင့်ခွဲကာ ရွှေထည်ထည့်ထားသည့် သေတ္တာသုံးလုံးကို ယူဆောင်ပြီး ကားနှင့် ပြန်ထွက်ပြေးသွားကြောင်းနှင့် တရားခံများဖမ်းမိနိုင်ရေး ပူးပေါင်းအဖွဲ့များ လိုအပ်သည်များ ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post