• Follow Us on

Home လှိုင်သာယာနှင့် ဇမ္ဗူသီရိမြို့နယ်တို့မှ PDF အဖွဲ့ဝင် ၂ ဦး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်

လှိုင်သာယာနှင့် ဇမ္ဗူသီရိမြို့နယ်တို့မှ PDF အဖွဲ့ဝင် ၂ ဦး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်

Share this post

နေပြည်တော်၊ ဩဂုတ် ၇

 

ပြစ်မှုကျူးလွန်ခြင်းမရှိသော PDFအဖွဲ့ဝင် အလင်းဝင် ရောက်လာသူများအား မိဘအုပ်ထိန်းသူများထံ ပြန် လည် လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ ကွပ်ကဲမှုအောက် မိုင်းခတ်တပ်နယ်ခန်းမ၌ ပြုလုပ်ရာ နယ်မြေခံတပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဥပဒေ ဘောင်အတွင်း ဝင်ရောက်လာသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများတက်ရောက်ကြသည်။

 

ဦးစွာ နယ်မြေခံတပ်မှ တာဝန်ရှိသူတစ်ဦးက အမှာစကားပြောကြားပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင် ရောက်ခဲ့သည့်ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်နှင့် နေပြည်တော် ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်တို့မှ PDF အဖွဲ့ဝင် အမျိုးသား ၂ ဦးတို့ကို ဝန်ခံကတိလက်မှတ်ရေးထိုး စေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့လွှဲပြောင်း အပ်နှံပေးပြီး ထောက်ပံ့ပစ္စည်းများနှင့် စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဥပဒေဘောင်အတွင်းဝင်ရောက်လာသူများအား ပြန်လည်ကြိုဆို လက်ခံ၍ လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ လက်နက်/ခဲယမ်းများ ပါရှိမှုအတွက် ဆုကြေးငွေ များ ထိုက်ထိုက်တန်တန် ထောက်ပံ့ပေးအပ်လျက်ရှိခြင်းကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင် ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရသည်။

 

#PeopleMedia


Share this post