• Follow Us on

Home လှိုင်သာယာနှင့် ရွှေပြည်သာတို့တွင် သိန်း ၂၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

လှိုင်သာယာနှင့် ရွှေပြည်သာတို့တွင် သိန်း ၂၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၃၁

 

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့တွင် ငွေကျပ်သိန်း ၂၅၀၀ တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

 

ဇန်နဝါရီလ ၂၇ ရက်နေ့ မွန်းလွဲ ၃နာရီ ၄၅အချိန် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ (၁၀)ရပ်ကွက်၊ မင်းတုန်းလမ်းနေ ဒေါ်ပြားချေ (ခ)ဒေါ်ခိုင်ဝင်း၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်း ဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ညနေ ၄နာရီ ၀၅ အချိန် အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ ရောင်းချသူ မောင်ရွှေစိန် အား လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ (၁၀)ရပ်ကွက်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၃၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

 

ထို့ပြင် ဇန်နဝါရီလ ၂၈ ရက်နေ့ မွန်းလွဲ ၁နာရီ ၃၀ အချိန် မောင်ဘိုသန်းအား ရွှေပြည်သာမြို့နယ်၊ (၉)ရပ်ကွက်၊ ရတနာသိင်္ဂီပတ်လမ်းတွင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂၀၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား လည်းကောင်း၊ ၁၄၀၀ အချိန် ဦးကျော်ဝင်း အား အဆိုပါနေရာ၌ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၈၀၀၀၀ ပြား(ဒေသ ကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁၈၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား လည်းကောင်း ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဒေါ်ပြားချေ(ခ)ဒေါ်ခိုင်ဝင်း(၄၃)နှစ်၊ မောင်ရွှေ စိန်(၃၃)နှစ်၊ မောင်ဘိုသန်း(၃၉)နှစ် နှင့် ဦးကျော်ဝင်း(၆၃)နှစ်တို့အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post