• Follow Us on
Latest News

Home လှိုင်သာယာမြို့နယ်ကို အဆင့်မြှင့်တင်နိုင်ရန်အတွက် Town Plan များ စနစ်တကျဖြင့် ရေးဆွဲဆောင်ရွက်ရန် နစကဥက္ကဋ္ဌမှာကြား

လှိုင်သာယာမြို့နယ်ကို အဆင့်မြှင့်တင်နိုင်ရန်အတွက် Town Plan များ စနစ်တကျဖြင့် ရေးဆွဲဆောင်ရွက်ရန် နစကဥက္ကဋ္ဌမှာကြား

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၅

 

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ကို အဆင့်မြှင့် တင်နိုင်ရန်အတွက် Town Plan များ စနစ်တကျဖြင့် ရေးဆွဲ ဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က မှာကြားလိုက်သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ဇန်နဝါရီလ ၁၃ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှု ဇုန်အသီးသီးမှ စက်မှုဇုန်ကော်မတီဥက္ကဋ္ဌများ၊ ကော်မတီဝင်များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွား ရေး (MSME) လုပ်ငန်းရှင်များအား လှိုင်သာယာ စက်မှုဇုန်၊ ကနောင်ခန်းမ၌ တွေ့ဆုံခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လှိုင်သာယာမြို့နယ်ကို အဆင့်မြှင့် တင်နိုင်ရေးအတွက် ဆောင် ရွက်လျက်ရှိကြောင်း၊ ထိန်ပင်အမှိုက်ပုံမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်းအား အမြန်ဆုံးပြီးစီးစေရေး တာဝန်ရှိသူများမှ ဆောင်ရွက်ရန် လိုကြောင်း၊ ရန်ကုန်မြို့အတွင်း လျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိရေး အတွက် ဆောင်ရွက်ပေးရန်လိုပြီး သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း နေရောင်ခြည်စွမ်း အင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနှင့် လေအားလျှပ်စစ်ဓာတ် အား ထုတ်လုပ်ခြင်းများအပါအဝင် နည်း လမ်းပေါင်းစုံဖြင့် ထုတ်လုပ်နိုင်ရေး တိုင်းဒေသကြီးအစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ အလား တူ တိုင်းဒေသကြီးနှင့် ပြည်နယ်များကလည်း တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ၏ လုပ်ပိုင်ခွင့်အတွင်း လုပ်ကိုင် နိုင်သည့် လျှပ်စစ်ကဏ္ဍအပါအဝင် အခြားကဏ္ဍများကို ဆောင်ရွက်ရန်လိုကြောင်း ပြောသည်။

 

နိုင်ငံတော်အတွက် လိုအပ်လျက်ရှိသည့် စက်သုံး ဆီနှင့်စားသုံးဆီများအတွက် နိုင်ငံခြားငွေများကိုသုံးစွဲရ လျက်ရှိကြောင်း၊ ထို့ကြောင့် လျှပ်စစ်စွမ်းအင်သုံး သယ်ယူပို့ဆောင်ရေးယဉ်များနှင့် လျှပ်စစ်စွမ်းအင်သုံး စက်မှု လုပ်ငန်းများကို ပိုမိုတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ က ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ၂၀၂၁-၂၀၂၂ခုနှစ်တွင် မိမိတို့အနေဖြင့် လှိုင်သာယာမြို့နယ် အတွင်းရှိ တရားမဝင် နေထိုင်သူများအား ဥပဒေနှင့်အညီဆောင်ရွက်ပေးခဲ့ပြီး မြို့သာယာလှပရေးနှင့် စနစ်ကျ နမှုရှိစေရေးကို အလေးပေးဆောင်ရွက်ပေးခဲ့ကြောင်း၊ မြို့နယ်အတွင်း ပညာရေး၊ ကျန်းမာရေးကဏ္ဍများ ဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း ဆောင်ရွက်သွား ရန်လိုကြောင်း၊ တရားမဝင်ကျူးကျော်နေထိုင်သူများမရှိစေရေး၊ ဥပဒေနှင့်အညီဖြစ်စေရေးနှင့် ပြန်လည်နေရာချထားရေးတို့ကို စီမံဆောင်ရွက်ပေးသွားရန်လိုကြောင်း ပြော သည်။

 

လှိုင်သာယာမြို့နယ်ကို အဆင့်မြှင့်တင်နိုင်ရန်အတွက် Town Plan များ စနစ်တကျဖြင့် ရေးဆွဲဆောင်ရွက်လို ကြောင်း၊ ထိုပြင် စက်မှုဇုန်အတွင်း အလုပ်လုပ်ကိုင်သူများ အဆင်ပြေ စေရေးဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မြို့ပြတည်ဆောက်ရာတွင် ကျယ်ကျယ်ပြန့်ပြန့်ဖြင့် စဉ်းစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လှိုင်သာယာမြို့ နယ်ဖွံ့ဖြိုးတိုးတက်စေရေး ရေရှည်အတွက်စီမံကိန်းများချမှတ်၍စီမံဆောင်ရွက်ရန်လိုကြောင်းဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။

 

#PeopleMedia


Share this post