• Follow Us on
Latest News

Home လှိုင်သာယာမြို့နယ်တွင် ၇ နှစ်အရွယ်ကလေးအပါအဝင် မိသားစုဝင် ၃ ဦး အသတ်ခံရ

လှိုင်သာယာမြို့နယ်တွင် ၇ နှစ်အရွယ်ကလေးအပါအဝင် မိသားစုဝင် ၃ ဦး အသတ်ခံရ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၅

 

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ၁၈ ရပ်ကွက်၊ ရွှေရင်အေးဘုရားလမ်းနှင့် အနန္တ သူရိယလမ်းထောင့်၊ နေအိမ်တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ၇ နှစ်အရွယ်က‌လေး ၁ ဦးအပါအဝင် မိသားစုဝင် ၃ ဦး အသတ်ခံခဲ့ရကြောင်း သိရသည်။

 

လှိုင်သာယာ(အနောက်ပိုင်းမြို့နယ်)၊ ၁၈ ရပ်ကွက်၊ ရွှေရင်အေးဘုရားလမ်းနှင့် အနန္တသူရိယလမ်းထောင့်၊ အမှတ်(၈၄၂/က) နေထိုင်သူ ဦးဌေးလွင် ၆၂ နှစ်သည် ရင်ညွန့်ထိုးသွင်းဒဏ်ရာတစ်ချက်၊ လည်ပင်းပြတ်ရှ ဒဏ်ရာတစ်ချက်၊ ယာနံထိုးသွင်းဒဏ်ရာနစ်ချက်ဖြင့်လည်းကောင်း၊ အိမ်ပေါ်ထပ်အိပ်ခန်းကုတင်ဘေးတွင် ဦးဌေးလွင်၏ ဇနီးဒေါ်စုလှိုင်ဝင်း ၅၂ နှစ်သည် ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာနှစ်ချက်၊ ရင်ညွန့်ထိုးသွင်းဒဏ်ရာ တစ်ချက်ဖြင့်လည်းကောင်း၊ ၎င်းအခန်းကုတင်ပေါ်တွင် သားဖြစ်သူဖြိုးမြတ်ကိုကို (၇) နှစ်သည်ဝမ်းဗိုက်ထိုး သွင်းဒဏ်ရာတစ်ချက်၊ ယာပုခုံးပြတ်ရှဒဏ်ရာတစ်ချက်၊ လည်ပင်းပြတ်ရှဒဏ်ရာတစ်ချက်ဖြင့်လည်းကောင်း၊ အသီးသီး သေဆုံးနေကြောင်း သိရသည်။

 

မည်သည့်အတွက်ကြောင့် သတ်ဖြတ်သွားသည်ကို မသိရှိရပဲ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post