• Follow Us on
Latest News

Home လှိုင်သာယာမြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား PDF မှ လက်ပစ်ဗုံးဖြင့် လာရောက်ပစ်ခတ်

လှိုင်သာယာမြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား PDF မှ လက်ပစ်ဗုံးဖြင့် လာရောက်ပစ်ခတ်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၄

 

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၈) ရပ်ကွက် ဦးပုညလမ်းရှိ ရပ်ကွက်အုပ်ချုပ် ရေးမှူးရုံးအား စက်တင်ဘာ ၁၃ ရက် ည ၇ နာရီကျော်အချိန်က PDF မှ လက်ပစ်ဗုံးဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၈) ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား ဆိုင်ကယ်စီးနင်းလာ သည့် PDF ၂ ဦးက လက်ပစ်ဗုံး ၂ လုံးဖြင့်ပစ်ပေါက်ခဲ့သဖြင့် အဆိုပါ လက်ပစ်ဗုံးများသည် ရုံးဝင်းအတွင်းနှင့် ရုံးရှေ့ခြံပေါက်ဝတို့တွင်ကျရောက်ခဲ့သော်လည်း ပေါက်ကွဲမှုမဖြစ်ခဲ့၍ လုံခြုံရေးအဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်း ခဲ့ရကြောင်း သိရသည်။

 

#PeopleMedia


Share this post