• Follow Us on
Latest News

Home လှိုင်သာယာမြို့နယ်တွင် ခရီးသည်တင်ယာဉ်တစ်စီး ဘရိတ်ပေါက်ပြီး လမ်းဘေးရှိ လူများအားဝင်တိုက်မိရာမှ ၄ ဦး သေဆုံး

လှိုင်သာယာမြို့နယ်တွင် ခရီးသည်တင်ယာဉ်တစ်စီး ဘရိတ်ပေါက်ပြီး လမ်းဘေးရှိ လူများအားဝင်တိုက်မိရာမှ ၄ ဦး သေဆုံး

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၉

 

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ (၂၀) ရပ်ကွက် ၈၆ ဂိတ်ဟောင်းမှတ်တိုင်အနီးတွင် ယမန်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်အချိန်က ခရီးသည်တင်ယာဉ် ၁ စီး ဘရိတ်ပေါက်ပြီး လမ်းဘေးရှိလူများအား ဝင်တိုက်မိ ရာမှ လူ ၄ ဦး သေဆုံးခဲ့ကြောင်း လှိုင်သာယာမြို့နယ် လူမှုကူညီရေးအသင်းမှ သိရသည်။

 

လှိုင်သာယာမြို့နယ်၊ (၂၀) ရပ်ကွက်၊ အနော်ရထာလမ်း၊ ၈၆ ဂိတ်ဟောင်းမှတ်တိုင်အနီးတွင် ခရီးသည်တင် ယာဉ် ၁ စီးသည် ဘရိတ်ပေါက်၍ လမ်းဘေးရှိ လူများအား ဝင်တိုက်ခဲ့သဖြင့် အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၁ ဦး ဦးစွာသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၅ ဦးထဲမှ အမျိုးသမီး ၁ ဦးမှာ ဆေးရုံပို့ဆောင်နေစဉ် ထပ်မံသေဆုံး ခဲ့ကြောင်း သိရသည်။

 

သေဆုံးသူများနှင့် ဒဏ်ရရှိခဲ့သည့် လူ ၄ ဦးကို လှိုင်သာယာမြို့နယ်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပြီး အဆိုပါ ခရီးသည်တင်ယာဉ်မှာ ရန်ကုန်-ဖျာပုံ ပြေးဆွဲနေသည့် သမာဓိယာဉ်လိုင်းမှ ယာဉ်ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post