လှိုင်သာယာမြို့နယ်တွင် အမျိုးသမီး ၁ ဦး နေအိမ်၌ ဓာတ်လိုက်သေဆုံး
PUBLISHED - September 22, 2023
နေပြည်တော်၊ စက်တင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် အမှတ် ၁၉ ရပ်ကွက် ဦးချစ်မောင်လမ်း၌ ယမန်နေ့ နံနက် ၇ နာရီကျော်အချိန်က အမျိုးသမီး ၁ ဦး နေအိမ်၌ ဓာတ်လိုက်သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသူမှာ ဒေါ်မြင့်ကြည် အသက် ၇၄ နှစ်ဖြစ်ပြီး၊ နေအိမ်ခေါင်မိုးမှ နေအိမ်အတွင်း ဖောက်ဆွဲထားသော လျှပ်စစ်မီးကြိုးအား ထိကပ်မိရာမှ ဓာတ်လိုက်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Photo – Credit
#PeopleMedia