• Follow Us on
Latest News

Home လှိုင်သာယာမြို့နယ်တွင် ဆယ်အိမ်မှူးတစ်ဦး လုပ်ကြံ သတ်ဖြတ်ခံရ၍ သေဆုံး

လှိုင်သာယာမြို့နယ်တွင် ဆယ်အိမ်မှူးတစ်ဦး လုပ်ကြံ သတ်ဖြတ်ခံရ၍ သေဆုံး

Share this post

နေပြည်တော်၊ မေ ၁၅

 

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ (၆)ရပ်ကွက် ဆယ်အိမ်မှူး ကိုအောင်ကျော်ထူးကို PDF အဖွဲ့ဝင်များမှ လုပ်ကြံသတ်ဖြတ်ခဲ့သဖြင့် သေဆုံးသွားကြောင်း သိရသည်။

 

မတ်လ (၁၃)ရက် နေ့လယ် (၂)နာရီကျော်ခန့်က အသက် (၂၄)နှစ်အရွယ် ကိုအောင်ကျော်ထူးသည် လှိုင်သာ ယာမြို့နယ်၊ (၆)ရပ်ကွက်၊ အောင်မြေသာယာ ဘုရားလမ်းရှိ ဆန်ဆိုင်နံဘေးလမ်းတွင် ထိုင်နေစဉ် PDF အဖွဲ့ ဝင်နှစ်ဦးမှ အနီးကပ်သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

 

ယင်းသို့ ပစ်ခတ်ခဲ့မှုကြောင့် ကိုအောင်ကျော်ထူး ဝမ်းဗိုက် ချက်အထက်တွင် ကျည်ဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ ဝမ်းဗိုက် ချက်အောက်တွင် ကျည်ဖောက်ဝင်ဒဏ်ရာ(၁)ချက်၊ ကျောကုန်းဖောက်ထွက်ဒဏ်ရာ (၂)ချက်၊ စုစုပေါင်း ကျည်ဒဏ်ရာ (၄)ချက် ရရှိခဲ့ပြီး အခင်းဖြစ်ပွါးသည့် နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

 

#PeopleMedia


Share this post