• Follow Us on

Home လှိုင်သာယာမြို့နယ်တွင် JAC HFC ယာဉ်အား TOYOTA TOYOACE ယာဉ်မှ ဝင်တိုက်မှုဖြစ်ရာမှ ၁ ဦး သေဆုံး ၉ ဦး ဒဏ်ရာရရှိ

လှိုင်သာယာမြို့နယ်တွင် JAC HFC ယာဉ်အား TOYOTA TOYOACE ယာဉ်မှ ဝင်တိုက်မှုဖြစ်ရာမှ ၁ ဦး သေဆုံး ၉ ဦး ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၉

 

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်းမြို့နယ်)၊ အင်းစိန်-ညောင်တုန်းလမ်း၊ ဘီအိုစီမှတ်တိုင်အနီးတွင် ယနေ့ နံနက် ၃ နာရီ ၅၃ အချိန်ခန့်၌  JAC HFC ယာဉ်အား TOYOTA TOYOACE ယာဉ်မှဝင်တိုက်မှုဖြစ်ရာမှ ၁ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။

 

လှိုင်သာယာ(အရှေ့ပိုင်းမြို့နယ်)၊ အင်းစိန်-ညောင်တုန်းလမ်း၊ ဘီအိုစီမှတ်တိုင်အနီးတွင် JAC HFC အမျိုးအစား ယာဉ်အား TOYOTA TOYOACEယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် လှိုင်သာယာ(အရှေ့ပိုင်းမြို့နယ်)မီးသတ်စခန်းမှ၊ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါယာဉ်တိုက်မှုကြောင့် TOYOTA TOYOACE ယာဉ်ပေါ်ပါ အမျိုးသား (၁)ဦး သေဆုံး၊ အမျိုးသား (၃)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)ရခဲ့ပြီး အမျိုးသား (၄)ဦး၊ အမျိုးသမီး (၂)ဦးတို့သည်လည်း ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့၍ ၎င်းတို့အား ရွှေ့ဝင့်ဝါလူမှုကူညီရေးအသင်း၊ ခွန်အားသစ်လူမှုကူညီရေးအသင်းနှင့် သွေးဒါနမျိုးဆက် လူမှုကူညီရေးအသင်း သူနာတင်ယာဉ်တို့ဖြင့် လှိုင်သာယာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post