• Follow Us on

Home လှိုင်သာယာမြို့နယ်တွင် မပေါက်ကွဲသေးသော လက်လုပ်ဗုံး ၁ လုံး တွေ့ရှိ

လှိုင်သာယာမြို့နယ်တွင် မပေါက်ကွဲသေးသော လက်လုပ်ဗုံး ၁ လုံး တွေ့ရှိ

Share this post

နေပြည်တော်၊ သြဂုတ် ၄

 

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ ၁၇ ရပ်ကွက်တွင် ယနေ့နံနက်ပိုင်းက မပေါက်ကွဲ သေးသော လက်လုပ်လက်ပစ်ဗုံး ၁ လုံးကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

 

သြဂုတ်လ ၄ ရက် နံနက် ၈ နာရီ ၄၀ မိနစ်အချိန်က လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ ၁၇ ရပ်ကွက်၊ စက်မှု ဇုန် (၅) ရိုရီဖိနပ်စက်ရုံ အနောက်ဖက်ငုဝါလမ်းဘေးတွင် မပေါက်ကွဲသေးသော လက်လုပ်လက်ပစ်ဗုံးတစ်လုံးကို တွေသဖြင့် လုံခြုံရေးအဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်းခဲ့ရကြောင်း သိရသည်။

 

#PeopleMedia


Share this post