• Follow Us on

Home လှိုင်သာယာမြို့နယ်၊ တပင်ရွှေထီး(တာဝါ)အနီးတွင် မီးလောင်မှုဖြစ်ပွား

လှိုင်သာယာမြို့နယ်၊ တပင်ရွှေထီး(တာဝါ)အနီးတွင် မီးလောင်မှုဖြစ်ပွား

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၅

 

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၃) ရပ်ကွက်၊ တပင်ရွှေထီး(တာဝါ)အနီးတွင်    ယနေ့ နံနက် ၄ နာရီ ၅၅ မိနစ်အချိန်က မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။

 

မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၃) စီး၊ အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၂) စီး ၊ မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၂)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် ၅ နာရီ ၁၀ မိနစ်အချိန်တွင် Level 1 ယာဉ်အုပ်စုထွက်ခွာခဲ့ပြီး နံနက် ၅ နာရီ ၂၂ မိနစ်အချိန်တွင် မီးငြိမ်းခဲ့‌ကြောင်း သိရသည်။

 

#PeopleMedia


Share this post