• Follow Us on

Home လှိုင်သာယာမြို့နယ်၊ နေအိမ်တစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွား၊ လူ ၁ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရရှိ

လှိုင်သာယာမြို့နယ်၊ နေအိမ်တစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွား၊ လူ ၁ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၃

 

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အပြင်ပဒံကျေးရွာ၊ အနော်ရထာလမ်း၊ နေအိမ် တစ်ခုရှေ့တွင် ယမန်နေ့ ည ၇ နာရီ ၂၀ မိနစ်ခန့်က မိသားစုဝင်များ စားပွဲခင်း၍ စားသောက်နေစဉ် ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အပြင်ပဒံကျေးရွာ၊ အနော်ရထာလမ်း၊ အိမ်အမှတ် ၃၄ တွင် အိမ်ရှင် ဦးစောလီယိုနှင့် မိသားစုဝင် (၈) ဦးသည် နေအိမ်ရှေ့တွင် စားပွဲခင်း၍ စားသောက်နေစဉ် ဒေါ်ခင်ငြိမ်းအေး၏ ထိုင်ခုံအောက်မှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ပေါက်ကွဲမှုကြောင့် စားသောက်နေသူ ၈ ဦးအနက် ဒေါ်ခင်ငြိမ်းအေး ၃၉ နှစ်တွင် ပေါက်ကွဲစထိမှန် ဒဏ်ရာ (မစိုးရိမ်ရ)၊ မငြိမ်းထွဋ်ခင် ၁၅ နှစ်တွင် ပေါက်ကွဲစထိမှန်ဒဏ်ရာ(စိုးရိမ်ရ)၊ မမေမြတ်နိုး ၂၀ နှစ်တွင် ပေါက်ကွဲ စထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် ကိုသက်နိုင်ထွန်း ၄၆ နှစ်တွင် ပေါက်ကွဲစထိမှန်ဒဏ်ရာ(စိုးရိမ်ရ) ရရှိခဲ့သဖြင့် ဆေးရုံတွင် ဆေးကုသမှုခံယူစဉ် ကိုသက်နိုင်မှာ ရရှိဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူများကို လှိုင်သာယာပြည်သူ့ဆေးရုံကြီးမှတဆင့် ကုတင် ၁၀၀ ဆေးရုံသို့ ပြောင်ရွှေ့ဆေးကုသပေးထားကြောင်း သိရသည်။

 

#PeopleMedia


Share this post