• Follow Us on

Home လှိုင်သာယာမြို့နယ် (၁၀)ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြည်သူ့စစ်မှုထမ်းဥပဒေအရဟုဆိုတာ တစ်အိမ် ထောင်လျှင် ငွေကျပ် (၃၀၀၀၀) နှုန်း လစဉ် ကောက်ခံနေ

လှိုင်သာယာမြို့နယ် (၁၀)ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြည်သူ့စစ်မှုထမ်းဥပဒေအရဟုဆိုတာ တစ်အိမ် ထောင်လျှင် ငွေကျပ် (၃၀၀၀၀) နှုန်း လစဉ် ကောက်ခံနေ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၀

 

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ (၁၀)ရပ်ကွက်တွင် အုပ်ချုပ်ရေးမှူးနှင့် အပေါင်း အပါများက ပြည်သူ့စစ်မှုထမ်း ဥပဒေအရ စစ်မှုထမ်းများကို ထောက်ပံ့ရန်အတွက်ဟုဆိုကာ တစ်အိမ် ထောင်လျှင် (၃၀၀၀၀) နှုန်း လစဉ်ကောက်ခံနေကြောင်း သိရသည်။

 

လှိုင်သာယာမြို့နယ် (၁၀)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတက်စံသည် ပြည်သူ့စစ်မှုထမ်းဥပဒေအရ အကျုံးဝင် သည့် အိမ်ထောင်စုများနှင့် အကျုံးမဝင်သည့် အိမ်ထောင်စုများ အားလုံးထံမှ တစ်လလျှင် ငွေကျပ် (၃၀၀၀၀)နှုန်း ကောက်ခံနေခြင်းဖြစ်သည်။

 

အုပ်ချုပ်ရေးမှူး ဦးတက်စံအနေဖြင့် ပြည်သူ့စစ်မှုထမ်း အပတ်စဉ် (၁) ခေါ်ယူပြီးနောက် ယင်းသို့ စတင်ကောက်ခံခဲ့ခြင်းဖြစ်ပြီး ကောက်ခံရာတွင် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများပါ ပါဝင်နေ ကြောင်း သိရသည်။

 

#PeopleMedia


Share this post