လှိုင်သာယာ(အနောက်ပိုင်း) မြို့တွင် Taxi ငှားရမ်းသူနှစ်ဦးမှ ယာဉ်မောင်းအမျိုးသားကို ဓားဖြင့်ခုတ်ပြီး ပစ္စည်းများလုယက်ထွက်ပြေး
PUBLISHED - December 11, 2024
နေပြည်တော်၊ ဒီဇင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ နည်းပညာတက္ကသိုလ်မီးပွိုင့်အကျော်တွင် Taxi ငှားရမ်းသူနှစ်ဦးမှ ယာဉ်မောင်းအမျိုးသားတစ်ဦးကို ဓားဖြင့်ထိုးပြီး ပစ္စည်းများလုယက်ထွက်ပြေးသွားကြောင်း သိရ သည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၉ ရက် ည ၈ နာရီကျော်တွင် အငှား Taxi ယာဉ်မောင်း ဦးမင်းကိုကိုမှာ အမှတ်(၅) လမ်းမကြီး၊ မီးခွက်ဈေးအောက်ထိပ်နှင့် DENKO စက်သုံးဆီဆိုင်အတိုင်း မောင်းနှင်လာစဉ် ထိုအနီးတွင် အမျိုးသားနှစ်ဦးမှ ထန်းတပင်မြို့နယ်၊ ကုန်းတလိကျေးရွာထိပ်ကို ငှားစီးရာမှ လှိုင်သာယာ(အနောက်ပိုင်း) မြို့ နယ်၊ နည်းပညာ တက္ကသိုလ်မီး ပွိုင့်အကျော်တွင် ထိုငှားရမ်းစီးသူနှစ်ဦးမှ အပေါ့သွားချင်သည်ဟုဆိုကာ ယာဉ် ကိုရပ်ပေးရာမှ ထိုငှားစီးသူတို့ထံတွင် အသင့်ပါလာသည့် ဓားမြောင်ဖြင့် ယာဉ်မောင်းအမျိုးသားကို ခုတ်ပြီး ယာဉ်မောင်း၏ ဖုန်းနှင့်ငွေ (၂) သိန်းဝန်းကျင်တို့ကို လုယူပြီးထွက်ပြေးသွားကြောင်း သိရသည်။
ဓားထိုးခံရမှုကြောင့် Taxi ယာဉ်မောင်း ဦးမင်းကိုကို၏ ညာဘက်နို့အုံအောက်တွင်ပြက်ရှဒဏ်ရာ၊ လက်ဖ မိုးပြတ်ရှဒဏ်ရာ၊ မျက်နှာတွင်ဖုရောင်ဒဏ်ရာများရရှိပြီး ၎င်းကိုလှိုင်သာယာပြည်သူ့ဆေးရုံသို့ လမ်းသွား ပြည်သူတစ်ဦးမှ ပို့ဆောင်ပေးလိုက်ကြောင်း ဒေသခံများထံမှ သိရသည်။
Photo – Credit
#PeopleMedia