လှိုင်းဘွဲ့မြို့နယ်တွင် KNLA/PDF က Drone ယာဉ်ဖြင့်ဗုံးပစ်ချတိုက်ခိုက်မှုကြောင့် ဒေသခံ (၅) ဦး ထိခိုက် ဒဏ်ရာရရှိ

PUBLISHED - February 23, 2023
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ရွှေဂွန်းကျေးရွာအတွင်းသို့ KNLA အဖွဲ့နှင့် PDF များမှ ယမန်နေ့ညနေ ၅ နာရီခန့်တွင် Drone ယာဉ် (၂)စီးဖြင့် ဗုံးများ ပစ်ချတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ (၅) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက်မှုကိုလိုလားသည့် KNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများပါဝင်သော ပူးပေါင်း အဖွဲ့က လှိုင်းဘွဲ့မြို့နယ်၊ ရွှေဂွန်းကျေးရွာအတွင်းသို့ ယမန်နေ့ညနေ ၅ နာရီခန့်တွင် Drone ယာဉ် ၁ စီးဖြင့် ဗုံး ၂ လုံးကိုလည်းကောင်း၊ ညနေ ၅ နာရီ ၁၀ မိနစ်ခန့်တွင် Drone ယာဉ် ၁ စီးဖြင့် Drop Bomb ၂ လုံးကို လည်း ကောင်း အသီးသီးပစ်ချဖောက်ခွဲခဲ့ရာ ဗုံးသီးများမှာ ကျေးရွာအတွင်းရှိ နေအိမ်ခြံဝန်းများအတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၄ ဦးတို့ ဗုံးစထိမှန်ဒဏ်ရာများ အသီးသီး ရရှိခဲ့ ကြောင်း သိရသည်။
ဒဏ်ရာရလူနာများအား ဘားအံမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်းနှင့် Drop Bomb များ ပစ်ချဖောက်ခွဲခဲ့သည့် အကြမ်းဖက်သမားများအား တရားဥပဒေနှင့်အညီ ထိရောက်စွာအရေး ယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#PeopleMedia
(unicode)
………………………………………………
#PeopleMedia