ဝက်လက်မြို့နယ်အခြေစိုက် DVB သတင်းထောက် ၁ ဦး ဖမ်းဆီးခံရ

PUBLISHED - December 15, 2021
ဝက်လက်၊ ဒီဇင်ဘာ ၁၅ (People Media)
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ပင်ဇင်းကျေးရွာမှာ အခြေစိုက် DVB သတင်းထောက် ၁ ဦးကို ဒီဇင်ဘာလ ၁၃ ရက်က ဖမ်းဆီခံခဲ့ရတယ်လို့ ရွှေဘိုခရိုင် သတင်းမီဒီယာအသိုင်းအဝိုင်းဆီက သိရပါ တယ်။
“ပင်ဇင်းရွာက ကိုအောင်စံလင်းဆိုတဲ့ DVB သတင်းပေးပို့သူလို့ အလတ်တလော သိထားရတယ်။ CJ သတင်း ထောက်ဖြစ်မယ်လို့ ထင်တယ်” လို့ ရွှေဘိုနယ်ခံ သတင်းမီဒီယာတစ်ဦးက ပြောပါတယ်။
DVB သတင်းထောက် ကိုအောင်စံလင်း ဘာကြောင့် အဖမ်းခံရတယ်ဆိုတာကိုတော့ သီးခြားအတည်လို့ မရ သေးပေမယ့် ဖမ်းဆီးခံရတာ သေချာတယ်လို့ နယ်ခံသတင်းသမားတချို့က အတည်ပြုပြောပါတယ်။
ပြီးခဲ့တဲ့ဧပြီလတုန်းကလည်း စစ်ကိုင်းမြို့ အခြေစိုက် သတင်းထောက် ကိုပြည့်ဖြိုးအောင် ဖမ်းဆီးခံခဲ့ရပြီး၊ ဒီက နေ့ထိ လွတ်မြောက်လာတာမရှိသေးဘူလို့ အထက်မြန်မာပြည် သတင်းမီဒီယာအသိုင်းအဝိုင်းဆီက ပြောပါ တယ်။
သွန်းသွန်း
#PeopleMedia #Media
(unicode)
………………………………………………………….
#PeopleMedia #Media