ဝက်လက်မြို့တွင် အမျိုးသမီးတစ်ဦး PDF များထောင်ထားသည့် မိုင်းအားနင်းမိ၍ ပေါက်ကွဲ
PUBLISHED - December 22, 2023
နေပြည်တော်၊ ဒီဇင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ဘုရားပျံကျေးရွာရှိ လယ်တောသို့သွားစဉ် PDF များ ထောင်ထားသည့် မိုင်းအားနင်းမိ၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ ၂၁ ရက် မွန်းလွဲ ၃ နာရီကျော်တွင် ဘုရားပျံကျေးရွာတွင်နေသည့် အမျိုးသမီးမှာ ၎င်းပိုင်သည့် လယ်ထဲသို့သွားစဉ် ထိုလယ်နားမရောက်ခင် PDF များထောင်ထားသည့် မိုင်းမှာပေါက်ကွဲ၍ ဒဏ်ရာရရှိပြီး မန္တလေးပြည်သူ့ဆေးရုံတွင် ဆေးကုသမူခံယူကြောင်း သိရသည်။
ထိုမိုင်းပေါက်ကွဲမူကြောင့် ဒဏ်ရာရရှိသည့် အသက် (၅၈) နှစ်အရွယ် ဒေါ်ညိုမှာ ဘယ်ဘက်ခါး/ညာဘက်ခြေဖ မိုးတို့တွင် (မစိုးရိမ်ရ) သည့် ဒဏ်ရာများရရှိကြောင်း သိရသည်။
Photo – Credit
#PeopleMedia