• Follow Us on
Latest News

Home ဝက်လက်မြို့တွင် PDF များထောင်ထားသည့် မိုင်းမှာ ပေါက်ကွဲ၍ ကလေးတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရ

ဝက်လက်မြို့တွင် PDF များထောင်ထားသည့် မိုင်းမှာ ပေါက်ကွဲ၍ ကလေးတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၇

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ သခွတ္တောကျေးရွာအဝင်တွင် PDF များထောင်ထား သည့် လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

စက်တင်ဘာလ ၅ ရက် နံနက် ၁၀:၁၅ အချိန်တွင် ဝက်လက်မြို့၊ အမှတ် (၁) ရပ်ကွက်တွင်နေသည့် ဒေါ်ဖြူ သွယ်ဦးမှာ တူဖြစ်သူနှင့်အတူ စက်ဘီးစီး၍ သခွတ္တောကျေးရွာသို့သွားရာ ထိုကျေးရွာအဝင်အရောက်တွင် PDF များထောင်ထားသည့် မိုင်းမှာပေါက်ကွဲ၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထိုဒဏ်ရာရရှိမှုကြောင့် အသက် (၄၀) နှစ်အရွယ် ဒေါ်ဖြူသွယ်ဦးနှင့် တူဖြစ်သူ အသက် (၁၀) နှစ်အရွယ် မောင်ဟိန်းမင်းထက်တို့မှာ မိုင်းပေါက်ကွဲမှုကြောင့် ခြေထောက်တို့တွင် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post