ဝက်လက်မြို့တွင် PDF (၂) လောင်းနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

PUBLISHED - October 19, 2023
နေပြည်တော်၊ အောက်တိုဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့၊ ရွာသစ်ကျေးရွာအနီးတွင် PDF အလောင်း(၂) လောင်းနှင့် အတူ လက်နက်ခဲယမ်းများကို လုံခြုံရေးတပ်ဖွဲ့မှ သိမ်းဆည်းရရှိကြောင်း သိရသည်။
အောက်တိုဘာလ ၁၈ ရက် ည ၁၁:၃၀ အချိန်တွင် လုံခြုံရေးတပ်ဖွဲ့များမှ ရွာသစ်ကျေးရွာအနီးတွင် PDF များ ရောက်ရှိကြောင်း သတင်းရရှိသောကြောင့် ထိုနေရာသို့ သွားရောက်ရှင်းလင်းခဲ့ကြောင်း သိရသည်။
ထိုရှင်းလင်းရာတွင် PDF များ၏ အလောင်း(၂) လောင်း၊ လက်လုပ်တစ်တောင့်ထိုးသေနတ် ၁ လက်၊ အမ်-၂၂ ကျည် ၅၄တောင့်၊ အမ်-၂၂ ကျည်အိမ် ၂ခု၊ အီကွေးမင့် ၁ ခု၊ အိုင်ကွန် ၁ လုံး နှင့် ပြောက်ကျားဦးထုပ် ၁လုံးတို့ သိမ်းဆည်းရရှိကြောင်း သိရသည်။
အလားတူ စစ်ကိုင်းမြို့၊ ကျော်ဇေယျာကျေးရွာအနီးတွင်လည်း PDF အလောင်း (၂) လောင်းနှင့်အတူ လက် နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
Photo – Credit
#PeopleMedia