• Follow Us on

Home ဝဂ္ဂနာတပ်ဖွဲ့ဝင်တွေက ဘယ်လာရုစ်စစ်သည်တွေကို လေ့ကျင့်သင်ကြားပေးနေ

ဝဂ္ဂနာတပ်ဖွဲ့ဝင်တွေက ဘယ်လာရုစ်စစ်သည်တွေကို လေ့ကျင့်သင်ကြားပေးနေ

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၁၅

 

ရုရှားနိုင်ငံထဲမှာ မအောင်မြင်ခဲ့တဲ့ ပုန်ကန်မှုဖြစ်ပွားခဲ့ပြီးနောက် ဝဂ္ဂနာကြေးစားတပ်ဖွဲ့ဝင်တွေထဲက နည်းပြတွေ ဟာ ဘယ်လာရုစ်တပ်ဖွဲ့ဝင်တွေကို စစ်သင်တန်းတွေလေ့ကျင့်သင်ကြားပေးနေကြောင်း ဘယ်လာရုစ်အစိုးရက သောကြာနေ့ (ဇူလိုင်လ ၁၄ ရက်) က ပြောကြားလိုက်ပါတယ်။

 

ဝဂ္ဂနာအဖွဲ့ခေါင်းဆောင် ယက်ဂီနီပရီဂိုဇင်နဲ့ ဝဂ္ဂနာတပ်ဖွဲ့ဝင်တချို့ဟာ ဘယ်လာရုစ်နိုင်ငံကို ထွက်ခွာသွားမယ် လို့ သဘောတူညီခဲ့ပြီးနောက် ပုန်ကုန်မှုအဆုံးသတ်သွားတာဖြစ်ပါတယ်။

 

ဒါပေမဲ့ ဘယ်လာရုစ်နိုင်ငံထဲကို ဝဂ္ဂနာတပ်ဖွဲ့ဝင်တွေ တစ်ယောက်မှရောက်မလာသေးကြောင်း အခုလ အစော ပိုင်းက ပြောဆိုလိုက်ပြီး အဲဒီသဘောတူညီမှုကို ဘယ်လာရုစ်သမ္မတအလက်ဇန္ဒားလူကာရှန်ကိုက သံသယရှိ နေတယ်လို့ဆိုပါတယ်။

 

ဘယ်လာရုစ်ကာကွယ်ရေးဝန်ကြီးကတော့ ဝဂ္ဂနာတပ်ဖွဲ့ဝင်တချို့ရောက်ရှိလာတယ်ဆိုတာကို အတည်ပြု ပြော ကြားခဲ့ပါတယ်။

 

“အဆစ်ပိုဗီချေမြို့အနီးမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကို သင်တန်းပေးနေပါတယ်။ ဝဂ္ဂနာတပ်ဖွဲ့ဝင်တွေက သင်တန်းဆရာတွေအဖြစ် လေ့ကျင့်သင်ကြားပေးနေတာပါ။” လို့ ဘယ်လာရုစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

 

ရုရှားအကျဉ်းထောင်တွေထဲက အကျဉ်းသားအများအပြားကို တပ်ဖွဲ့ဝင်အဖြစ်စုဆောင်းထားတဲ့ ဝဂ္ဂနာတပ်ဖွဲ့ဟာ ယူကရိန်းစစ်ပွဲမှာ အဓိကအခန်းကဏ္ဍကပါဝင်တိုက်ခိုက်နေတဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။

 

ဘယ်လာရုစ်ကာကွယ်ရေးဝန်ကြီးဌာနကထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုမှာ စစ်စခန်းတစ်ခုအနီး ဘယ်လာရုစ် တပ်ဖွဲ့ဝင်တွေကို လေ့ကျင့်သင်ကြားပေးနေတဲ့ မျက်နှာဖုံးစွပ်ထားတဲ့ တိုက်ခိုက်ရေးသမားတွေကို နည်းပြတွေ အဖြစ် တွေ့မြင်ရပါတယ်။

 

အခုလအစောပိုင်းကာလက အဆစ်ပိုဗီချေမြို့အနီးက စစ်စခန်းတစ်ခုကို နိုင်ငံခြားသတင်းထောက်အုပ်စုတစ်စု ကို ပြသခဲ့ရာ အဲဒီစခန်းမှာ ဝဂ္ဂနာတပ်ဖွဲ့ဝင်တွေကို နေရာချထားပေးနိုင်ကြောင်း ဘယ်လာရုစ်အရာရှိတွေက ပြောကြားခဲ့ပါတယ်။

 

Ref: Wagner Troops Training Belarus Forces

 

#PeopleMedia


Share this post