ဝဂ္ဂနာအဖွဲ့ခေါင်းဆောင် ပရီဂိုဇင်လုပ်ကြံခံရတာဖြစ်ပေမဲ့ ဒုံးကျည်နဲ့အပစ်ခံရတာမဟုတ်ကြောင်း အမေရိကန် အရာရှိတွေပြော

PUBLISHED - August 25, 2023
နိုင်ငံတကာ၊ သြဂုတ် ၂၅
ဝဂ္ဂနာအုပ်စုခေါင်းဆောင် ယက်ဂီနီပရီဂိုဇင် ၎င်းရဲ့ကိုယ်ပိုင်လေယာဉ်နဲ့ မော်စကိုကနေ စိန့်ပီတာစဘတ်ကိုအ သွားမှာလုပ်ကြံခံလိုက်ရပေမဲ့ အဲဒီလေယာဉ်ဟာ မြေပြင်-ဝေဟင်ပစ် ဒုံးကျည်နဲ့အပစ်ခံလိုက်ရတာ မဟုတ်နိုင် ဘူးလို့ အမေရိကန်အရာရှိတွေက ပြောကြားလိုက်ပါတယ်။
Embraer Legacy 600 ဂျက်လေယာဉ်ဟာ လေယာဉ်ထဲမှာထောင်ထားတဲ့ဗုံးပေါက်ကွဲတာဖြစ်နိုင်သလို တခြား နည်းလမ်းတစ်ခုခုနဲ့ လေယာဉ်ကိုဖောက်ခွဲဖျက်ဆီးခဲ့တာလည်းဖြစ်နိုင်ကြောင်း အမေရိကန်အစိုးရစုဆောင်းထား တဲ့ကနဦးသတင်းတွေအရ သိရပေမဲ့ အဲဒီသတင်းတွေကိုလည်း ဆက်လက်စိစစ်နေဆဲဖြစ်ကြောင်း Wall Street Journal မှာရေးသားဖော်ပြထားပါတယ်။
အခုအယူအဆကတော့ ဘိုင်ဒန်အစိုးရအဖွဲ့အတွင်းမှာပဲ အယူအဆကွဲလွဲနေတာဖြစ်ပါတယ်။ အစောပိုင်းက တော့ ပရီဂိုဇင်ပါလာတဲ့အဲဒီလေယာဉ်ကို ရုရှားနိုင်ငံအတွင်းပိုင်းကနေ မြေပြင်-ဝေဟင်ပစ်ဒုံးကျည်နဲ့ ပစ်ချလိုက် တာဖြစ်နိုင်ကြောင်း အမေရိကန်အရာရှိနှစ်ဦးက ရိုက်တာသတင်းဌာနကို ပြောဆိုခဲ့ပါတယ်။
ဖြစ်နိုင်ခြေခန့်မှန်းချက်တွေ အများအပြားရှိပေမဲ့ ရှင်းလင်းတိကျတဲ့ကောက်နုတ်ချက်အဖြေကိုတော့ မရရှိသေး ဘူးလို့ တတိယမြောက် အမေရိကန်အရာရှိတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
အသက် ၆ ၂ နှစ်အရွယ် ပရီဂိုဇင်၊ ၎င်းရဲ့ညာလက်ရုံးဖြစ်သူ အတ်ကင်နဲ့ တခြားလိုက်ပါလာသူ ၈ ဦးသေဆုံးခဲ့ တဲ့လေယာဉ်ပေါက်ကွဲပျက်ကျမှုကို ရုရှားဖက်ဒရေးရှင်းစုံစမ်းစစ်ဆေးရေးကော်မတီက စတင်စုံစမ်းနေပြီဖြစ်ပေ မဲ့ ဘာ့ကြောင့်လေယာဉ်ပျက်ကျရသလဲဆိုတဲ့အဖြေကိုတော့ အခုထိ မထုတ်ပြန်နိုင်သေးပါဘူး။
လွန်ခဲ့တဲ့နှစ်လခန့်က ဝဂ္ဂနာအုပ်စုက ရုရှားတပ်မတော်ကို ပုန်ကန်ခဲ့တာကြောင့် အခုလိုလေယာဉ်ကိုတိုက်ခိုက်ခံ ရတာဖြစ်နိုင်တယ်ဆိုတဲ့ခန့်မှန်းယူဆချက်တွေထွက်ပေါ်နေသလို အဲဒီဂျက်လေယာဉ်ငယ်ဟာ ရုရှားလေ ကြောင်း ရန်ကာကွယ်ရေးဒုံးကျည်နဲ့ ပစ်ချခံလိုက်ရတာဖြစ်တယ်လို့ ဝဂ္ဂနာအုပ်စုထောက်ခံသူတွေက ပြောပါ တယ်။
တချို့ကလည်း ပရီဂိုဇင်ကိုလက်ဆောင်ပေးတဲ့ ဈေးကြီးတဲ့ဝိုင်တွေထည့်ထားတဲ့ကတ်ထဲမှာ ဗုံးတစ်လုံးထည့် မြှုပ်ထားပြီး အဲဒီဝိုင်ကက်ကို လေယာဉ်ပေါ်တင်ပေးလိုက်တာဖြစ်နိုင်တယ်လို့ ပြောဆိုကြပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ရုရှားနိုင်ငံတွင်းကရော ပြည်ပနိုင်ငံတွေကရော ဝေဖန်သူအများအပြားကတော့ ဒီကိစ္စနဲ့ပတ် သက်ပြီး ရုရှားသမ္မတဗလာဒီမာပူတင်ကိုပဲ လက်ညှိုးထိုးကြပါတယ်။
သမ္မတပူတင်ဟာ ၁၉၉၉ ခုနှစ်အာဏာရလာကတည်းက အကြီးကျယ်ဆုံးသောခြိမ်းခြောက်မှုအဖြစ် ပြီးခဲ့တဲ့ ဇွန် လအတွင်းက ပုန်ကုန်ခဲ့တဲ့ ဝဂ္ဂနာအုပ်စုရဲ့ခေါင်းဆောင် ပရီဂိုဇင်ကို “သစ္စာဖောက်” အဖြစ် လူသိရှင်ကြား ပြော ဆိုခဲ့ပါတယ်။
၂၄ နာရီကြာဘာမှမပြောဘဲ ဆိတ်ဆိတ်နေခဲ့ပြီးနောက် “၎င်းအနေနဲ့ လေယာဉ်ပျက်ကျမှုမှာသေဆုံးခဲ့သူတွေရဲ့ ကျန်ရစ်သူမိသားစုနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်း၊ ၁၉၉၀ ပြည့်လွန်နှစ်တွေကတည်းက သိ ကျွမ်းခဲ့ရတဲ့ ပရီဂိုဇင်ဟာလည်း အရည်အချင်းပြည့်ဝတဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တယ်ကြောင်း” ရုပ်သံအ စီအစဉ်ကနေ ပြောဆိုတဲ့မိန့်ခွန်းထဲမှာ သမ္မတပူတင်က ထည့်သွင်းပြောကြားခဲ့ပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကတော့ “ပရီဂိုဇင် လေယာဉ်ပျက်ကျသေဆုံးမှုအတွက် ၎င်းအနေနဲ့ ဘာမှမအံ့သြ ကြောင်း၊ ရုရှားနိုင်ငံမှာ ပူတင်နောက်ကွယ်ကမပါဘဲ ဖြစ်ပျက်ခဲ့တာဆိုလို့ သိပ်မရှိကြောင်း” သြဂုတ်လ ၂၃ ရက် နေ့က ပြောကြားခဲ့ပါတယ်။
Ref: Wagner chief Prigozhin was assassinated but not by missile: US officials
#PeopleMedia