ဝင်ငွေ ဒေါ်လာ နှစ်သိန်းအောက်ရှိ မိသားစုဝင် ကျောင်းသားတွေကို ကျူရှင်ခကင်းလွတ်ခွင့်ပေးမှာဖြစ်ကြောင်း ဟားဗတ်တက္ကသိုလ်ကြေညာ

PUBLISHED - March 20, 2025
နိုင်ငံတကာ၊ မတ် ၂၀
တစ်နှစ်ဝင်ငွေ ဒေါ်လာ ၂၀၀,၀၀၀ အောက်မှာရှိတဲ့ မိသားစုက ကျောင်းလာတက်တဲ့ ကျောင်းသားတွေကို ကျူရှင်ခ ကင်း လွတ်ခွင့်ပေးသွားတော့မှာဖြစ်ကြောင်း ဟားဗတ်တက္ကသိုလ်က မတ်လ ၁၇ ရက်နေ့ (တနင်္လာနေ့) က ကြေညာ လိုက်ပါတယ်။
တစ်နှစ်ဝင်ငွေ ဒေါ်လာ ၁၀၀,၀၀၀ အောက်မှာရှိတဲ့ မိသားစုက ကျောင်းလာတက်တဲ့ ကျောင်းတွေကိုတော့ ကျူရှင်ခအ အပြင် အဆောင်ခ၊ အစားအသောက်ခ၊ ကျန်းမာရေးစောင့်ရှောက်ခနဲ့ ခရီးသွားစရိတ်တွေကိုပါ ထောက်ပံ့ပေးသွားမှာဖြစ် ပါတယ်။
ဝင်ငွေအလယ်အလတ်ရှိတဲ့ မိသားစုတွေက ကျောင်းသားတွေ ဟားဗတ်တက္ကသိုလ်မှာ ပိုမိုပညာသင်ကြားနိုင်ဖို့ ရည်ရွယ် ပြီး ဒီအစီအစဉ်ကို ဆောင်ရွက်တာဖြစ်ပါတယ်။
DEI အစီအစဉ်တွေအပါဝင် မတူကွဲပြားမှုသာတူညီမျှဆောင်ရွက်ချက်တွေအပေါ် နှိမ်နှင်းတဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် ထရမ့်အစိုးရက တက္ကသိုလ်ရန်ပုံငွေတွေကို ပစ်မှတ်ထားတိုက်ခိုက်လာစဉ်အတွင်းမှာ အခုအစီအစဉ်ကို ဟားဗတ်တက္က သိုလ်က ကြေညာလိုက်တာဖြစ်ပါတယ်။
“ကျွန်တော်တို့ ကျောင်းသားတွေအားလုံး ကြုံတွေ့နေရတဲ့ နောက်ခံအခြေအနေ၊ အတွေ့အကြုံ၊ ရှုထောင့်အမြင်တွေ အမျိုးမျိုး ပိုမိုကျယ်ပြန့်တဲ့ ကျောင်းသားတွေ များလာပြီး သူတို့ရဲ့ အသိဉာဏ်ပညာနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အရည်အသွေး တွေပိုမိုတိုးတက်လာစေဖို့အတွက် ကိုယ်တတ်နိုင်တဲ့ စရိတ်စကနဲ့ ဟားဗတ်တက္ကသိုလ်တက်နိုင်အောင် ရည်ရွယ်ဆောင် ရွက်လိုက်တာဖြစ်ပါတယ်။” လို့ ဟားဗတ်တက္ကသိုလ်ဥက္ကဋ္ဌ အလန်ဂါဘာက ပြောပါတယ်။
၂၀၂၅-၂၀၂၆ စာသင်နှစ်ကနေ စတင်ဆောင်ရွယ်မယ့် ဒီမူဝါဒဟာ ဟားဗတ်တက္ကသိုလ်ပညာရေးကို လျှောက်ထားတဲ့ ကျောင်းသားတိုင်းအတွက် အထောက်အကူပြုနိုင်လိမ့်မယ်လို့ ဂါဘာက ပြောပါတယ်။
ဒီဆောင်ရွက်မှုကြောင့် ဟားဗတ်တက္ကသိုလ်ရဲ့ ဘဏ္ဍာရေးအကူအညီရရှိရေးအတွက် အမေရိကန်မိသားစုဝင် ၈၆% ဝန်း ကျင်လောက် အရည်အချင်းပြည့်မီနိုင်ကြောင်း အစဉ်အလာကြီးမားတဲ့တက္ကသိုလ်က ပြောပါတယ်။
အမေရိကန်နိုင်ငံမှာ ၂၀၂၃ ခုနှစ်မှာ အလယ်အလတ်မိသားစုဝင်ငွေဟာ ဒေါ်လာ ၈၀,၀၀၀ ရှိကြောင်း အမေရိကန် သန်း ကောင်စာရင်းဌာနရဲ့ မှတ်တမ်းအရ သိရပါတယ်။
အမေရိကန်နိုင်ငံမှာ မကြာသေးခင်နှစ်များအတွင်းက ဝင်ငွေ ဒေါ်လာ ၂၀၀၀၀၀ အောက်ရှိ မိသားစုတွေက ကျောင်းသား တွေကို ကျူရှင်ခကင်းလွတ်ခွင့်ပေးခဲ့တဲ့ ပန်ဆယ်ဗေးနီးယားတက္ကသိုလ်နဲ့ မက်ဆာချူးဆက်နည်းပညာ တက္ကသိုလ်အပါ အဝင် ထိပ်တန်းတက္ကသိုလ်အများအပြားဟာ အလားတူဆောင်ရွက်မှုမျိုးတွေ လုပ်ဆောင်လာကြပါတယ်။
ဟားဗတ်တက္ကသိုလ်ဟာ အရင်ကတော့ ဝင်ငွေ ဒေါ်လာ ၈၅၀၀၀ အောက်ရှိတဲ့မိသားစုဝင် ကျောင်းသားတွေကို အဆောင်ခံနဲ့ ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် တက္ကသိုလ်စရိတ်အားလုံးကို ကင်းလွတ်ခွင့်ပေးခဲ့ပါတယ်။
အမေရိကန်နိုင်ငံက ပုဂ္ဂလိကတက္ကသိုလ်တစ်ခုမှာ တက်ရောက်မယ့်ကျောင်းသားတွေအတွက် ပျမ်းမျှကုန်ကျစရိတ်ဟာ စာသင်နှစ်တစ်နှစ်အတွက် ဒေါ်လာ ၅၈,၀၀၀ ရှိကြောင်း Education Data Initiative ဝက်ဆိုက်ရဲ့ ဖော်ပြချက်အရ သိရ ပါတယ်။
ဒါပေမဲ့ ၂၀၀၁ ခုနှစ်ကစပြီး ကောလိပ်တက်ရောက်တဲ့ စရိတ်ဟာ နှစ်ဆတက်လာခဲ့တယ်လို့လည်း သုတေသနအဖွဲ့တစ် ဖွဲ့က ပြောပါတယ်။
မတူကွဲပြားမှု၊ သာတူညီမျှဖြစ်မှုနဲ့ အားလုံးပါဝင်မှု (DEI) အစီအစဉ်တွေနဲ့ ပတ်သက်ပြီး တက္ကသိုလ်ရန်ပုံငွေတွေကို ပြန် လည်ရုပ်သိမ်းဖို့ ထရမ့်အစိုးရက ခြိမ်းခြောက်လာတဲ့အချိန်မှာပဲ ဟားဗတ်တက္ကသိုလ်က အခုလို ဘဏ္ဍာရေးအကူအညီ တိုးချဲ့မှုအစီအစဉ်ကို ဆောင်ရွက်လိုက်တာဖြစ်ပါတယ်။
Ref: Harvard offers free tuition to families earning less than $200,000
#PeopleMedia