ဝန်ကြီးချုပ်ဆရက်ထာကံကြမ္မာ တရားရုံးဆုံးဖြတ်မည်
PUBLISHED - May 23, 2024
နိုင်ငံတကာ၊ မေ ၂၃
ဖိချစ်ချူယန်ဘန်းကို အစိုးရအဖွဲ့အတွင်း ခန့်အပ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်ကို ဖြုတ်ချဖို့ ကြိုပမ်းတဲ့ တိုင်တန်းလွှာတစ်စောင်ကို စဉ်းစားဆုံးဖြတ်ဖို့ လက်ခံမှာလားဆိုတာကို ထိုင်းနိုင်ငံရဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေရုံးက ကြာသပတေးနေ့ (မေလ ၂၃ ရက်နေ့) မှာ ဆုံးဖြတ်မှာဖြစ်တဲ့အတွက် တစ်နိုင်ငံလုံး က စောင့်ကြည့်နေကြပါတယ်။
မစ္စတာဖိချစ်ကတော့ ၎င်းရဲ့အရည်အချင်းပြည့်မီမှုကို မေးခွန်းထုတ်နေကြတဲ့အတွက် မစ္စတာဆရက်ထာ နောက်ဆက်တွဲဆိုးကျိုးခံစားရမယ့်အခြေအနေက လွတ်မြောက်အောင် ကြိုးပမ်းတဲ့အနေနဲ့ ဝန်ကြီးချုပ်ရုံးဝန် ကြီးအဖြစ်ကနေ အင်္ဂါနေ့ (မေလ ၂၁ ရက်နေ့) က နုတ်ထွက်ခဲ့ပါတယ်။
ဒါပေမဲ့ အစိုးရအဖွဲ့ကျင့်ဝတ်တွေကို ချိုးဖောက်ခဲ့တယ်လို့ မစ္စတာဖိချစ်နဲ့ ဝန်ကြီးချုပ် နှစ်ဦးစလုံးကို စွပ်စွဲခဲ့ကြတဲ့ အထက်လွှတ်တော်အမတ် ၄၀ ပါဝင်တဲ့အုပ်စုက တင်ပြထားတဲ့ တိုင်တန်းလွှာကို ဆက်လက်အရေးယူဆောင် ရွက်ခြင်းရှိမရှိ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက အဲဒီတိုင်တန်းလွှာကို လက်ခံလိုက်ရင် မစ္စတာဆရက်ထာအနေနဲ့ ဝန်ကြီး ချုပ်တာဝန်က ရပ်စဲခံရနိုင်ကြောင်း ဥပဒေရေးရာစောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။
အစိုးရအဖွဲ့ဝန်ကြီးတွေနဲ့ သက်ဆိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၇၀ (၄) နဲ့ (၅) အရ မစ္စတာဆရက်ထာနဲ့ မစ္စတာဖိချစ်ကို ၎င်းတို့တာဝန်ကနေ အနားပေးသင့်သလားဆိုတာ အထက်လွှတ်တော်ဥက္ကဋ္ဌ ပွန်းပက်ဝီချစ် ချိုလ်ချိုင်းကတစ်ဆင့် တင်ပြထားတဲ့ တိုင်တန်းလွှာက တရားရုံးကို မေးမြန်းထားပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက တရားသူကြီးတွေအနေနဲ့ တိုင်တန်းလွှာကိုလက်ခံမလားဆိုတာ မဆုံးဖြတ် ခင် တရားရုံးလုပ်ထုံး လုပ်နည်းတွေရဲ့ ပုဒ်မ ၅၁ ကိုလည်း ဂရုတစိုက်ကြည့်ရှုလေ့လာဦးမှာဖြစ်ကြောင်း တရားရုံး သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
အများပြည်သူအကျိုးအတွက် တိုင်တန်းလွှာကို ဆက်လက်အရေးယူဆောင်ရွက်သင့်တယ်လို့ တရားရုံးက ဆုံး ဖြတ်တာကလွဲလို့ တိုင်တန်းလွှာကို ပြန်လည်ရုပ်သိမ်းလိုက်ရင်ဖြစ်စေ၊ တိုင်တန်းလွှာကို စဉ်းစားဆုံးဖြတ်ဖို့ ခိုင် လုံတဲ့အထောက်အထားတစ်ခုမရှိရင်ဖြစ်စေ တရားရုံးက အဲဒီတိုင်တန်းလွှာကို ပယ်ချနိုင်ကြောင်း အဆိုပါ ပုဂ္ဂိုလ်က ပြောပါတယ်။
နောက်ဆုံးအကြိမ် အစိုးရအဖွဲ့ပြန်လည်ဖွဲ့စည်းရာမှာ ဝန်ကြီးတွေခန့်အပ်ခဲ့တာဟာ လိုအပ်တဲ့ကျွမ်းကျင်မှုနဲ့ အ ရည်အချင်းတွေပေါ်မူတည်ပြီး ခန့်အပ်ခဲ့တာမဟုတ်ကြောင်း ဘန်ကောက်မဲဆန္ဒနယ်လွှတ်တော်အမတ်ဖြစ်ပြီး အတိုက်အခံ Move Forward ပါတီရဲ့ ဒုတိယခေါင်းဆောင်ဖြစ်သူ နတ်တာချာဘွန်းချိုင်းအင်ဆာဝတ်က မေလ ၂၂ ရက်နေ့က ပြောပါတယ်။
“အစိုးရအဖွဲ့နေရာတွေကို ပါတီအသီးသီးက ရရှိမယ့်ခွဲတမ်းပေါ် မူတည်ပြီး ခွဲခြားခန့်အပ်ထားခဲ့တာဖြစ်ပါတယ်။ အစိုးရအဖွဲ့သစ်ပြန်ဖွဲ့စည်းရာမှာ ကိုယ့်လူကိုယ်ခန့်ခဲ့တာ အသိသာကြီးပါ။” လို့ ၎င်းက ပြောပါတယ်။
မစ္စတာဖိချစ်နုတ်ထွက်သွားပေမဲ့လည်း မစ္စတာဆရက်ထာ လွတ်မြောက်မှာမဟုတ်ကြောင်း မစ္စတာနတ်တာချာ က ပြောပါတယ်။
မစ္စတာဖိချစ်ဟာ ၂၀၀၈ ခုနှစ်က ထိုင်းနိုင်ငံရဲ့ အငြင်းပွားဖွယ်ရာမြေယာအမှုတစ်ခုမှာ ဝန်ကြီးချုပ်ဟောင်းသက် ဆင်ရဲ့ရှေ့နေအဖြစ်တာဝန်ထမ်းဆောင်စဉ် လာဘ်ထိုးရန်ကြိုးပမ်းမှုနဲ့ တရင်းဆိုင်နေစဉ်အတွင်းမှာ တရားရုံးမ ထီမဲ့မြင်ပြုမှုနဲ့ ထောင်ဒဏ်ကျခံခဲ့ရပါတယ်။
ဖိချစ်နဲ့ ၎င်းရဲ့အဖော်ဖြစ်သူနှစ်ဦးဟာ သီတင်းပတ်နှစ်ပတ်အစောပိုင်းက ဘတ်ငွေ ၂ သန်းပါရှိပြီး စက္ကူနဲ့ ထုပ် ထားတဲ့ထမင်းဘူးတစ်ဘူးကို တရားရုံးချုပ်အရာရှိတွေကို လာဘ်ထိုးဖို့ ကြိုးစားခဲ့ပြီးနောက် ၎င်းနဲ့ အပေါင်းအပါ နှစ်ဦးကို ၂၀၀၈ ခုနှစ် ဇွန်လ ၂၅ ရက်နေ့မှာ တရားရုံးချုပ်က ထောင်ဒဏ် ၆ လစီချမှတ်ခဲ့ပါတယ်။
Ref: Court to decide on PM’s fate
#PeopleMedia