• Follow Us on

Home ဝန်ကြီးချုပ်ဆရက်ထာရဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဝင်ငွေ ရည်မှန်းချက်ကို စိုးရိမ်မိကြောင်း ခရီးသွားလုပ်ငန်း ဝန်ကြီးပြော

ဝန်ကြီးချုပ်ဆရက်ထာရဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဝင်ငွေ ရည်မှန်းချက်ကို စိုးရိမ်မိကြောင်း ခရီးသွားလုပ်ငန်း ဝန်ကြီးပြော

Share this post

နိုင်ငံတကာ၊ ဇွန် ၂၅

 

အခုနှစ်အတွင်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းက ဝင်ငွေ ဘတ်ငွေ ၃.၅ ထရီလီယန်ရရှိဖို့ ချမှတ်ထားတဲ့ရည်မှန်း ချက်ကို စိုးရိမ်ပူပန်မိပေမဲ့ ရည်မှန်းချက်အောင်မြင်ရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း ထိုင်းနိုင်ငံ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ အားကစားဝန်ကြီးဌာနဝန်ကြီး ဆမ် ဆက်ပေါင်းပန်းနစ်က ပြောကြားလိုက်ပါတယ်။

 

ဝန်ကြီးချုပ်ဆရက်ထာထာဗီဆင် ချမှတ်ခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကနေ ဝင်ငွေ ဘတ် ငွေ ၃.၅ ထရီလီယန်ရရှိအောင် ရှာဖွေရေးဆိုတဲ့ ရည်မှန်းချက်ကို အောင်မြင်အောင်ဆောင်ရွက်ဖို့ လမ်းကြောင်း ရှည်ကြီးတစ်ခုပေါ်မှာ ထိုင်းနိုင်ငံရောက်ရှိနေတဲ့အတွက် အဖွဲ့အစည်းအားလုံး ပူးပေါင်းဆောင်ရွက်ကြရမှာဖြစ် ကြောင်း ဝန်ကြီးက တနင်္လာနေ့ (ဇွန်လ ၂၄ ရက်နေ့) က ပြောပါတယ်။

 

အခုနှစ် ပထမ ငါးလအတွင်းမှာ ထိုင်းနိုင်ငံကို ကမ္ဘာလှည့်ခရီးသွား ၁၅ သန်း ဝန်းကျင်ဝင်ရောက်လာခဲ့ပြီး ဘတ် ငွေ ၁.၁ ထရီလီယန်ရရှိခဲ့ကြောင်း ဝန်ကြီးဆမ်ဆက်က ပြောပါတယ်။

 

ထိုင်းဟိုတယ်လုပ်ငန်းရှင်များအသင်း နှစ်ပတ်လည်အစည်းအဝေးမှာ “ထိုင်းနိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသွားလုပ် ငန်းလမ်းကြောင်းနဲ့ အစိုးရရဲ့ လုပ်ငန်းအားပေးမြှင့်တင်ရေးမူဝါဒများ” ဆိုတဲ့ခေါင်းစဉ်နဲ့ မိန့်ခွန်းပြောတဲ့အချိန်မှာ ဝန်ကြီးက အခုလို ထည့်သွင်းပြောဆိုသွားတာဖြစ်ပါတယ်။

 

“ဘတ်ငွေ ၃.၅ ထရီလီယန်ရရှိဖို့ဆိုတဲ့ ရည်မှန်းချက်ကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ဖို့အတွက် အခု နှစ်အတွင်း ကမ္ဘာလှည့်ခရီးသွား ၃၆.၇ သန်း ဝင်ရောက်လာဖို့ လိုတယ်လို့ ခန့်မှန်းထားပါတယ်။ ဒါက ကျွန်တော် တို့အနေနဲ့ နိုင်ငံခြားသားခရီးသည် ၂၁.၇ သန်းကနေ ဘတ်ငွေ ၂.၄ ထရီလီယန်ရရှိအောင် ကြိုးစားဖို့ လိုနေ တယ်ဆိုတဲ့ အဓိပ္ပါယ်ပဲဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး စုပေါင်းကြိုးပမ်းကြရမှာဖြစ်တဲ့ စိန်ခေါ်မှုတွေနဲ့ ဒီရည်မှန်းချက်ကို အောင်မြင် စွာအကောင်အထည်ဖော်နိုင်ဖို့ စိုးရိမ်ပူပန်မိကြောင်း ဝန်ကြီးက ပြောပါတယ်။

 

“စိုးရိမ်ပေမဲ့လည်း အောင်မြင်အောင်ဆောင်ရွက်ဖို့ ကျွန်တော်သံန္နိဋ္ဌာန်ချထားဆဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဟိုတယ် လုပ်ငန်းရှင်တွေ ရင်ဆိုင်တွေ့ကြုံနေရတဲ့ ပြဿနာတွေကိုနားထောင်ဖို့ ဒီကနေ့ ကျွန်တော် ဒီနေရာမှာရောက်ရှိ နေတာဖြစ်ပါတယ်။ ဒါမှသာ ကျွန်တော်တို့တွေ ပေါင်းစပ်ညှိနှိုင်းပြီး ကြိုးပမ်းဆောင်ရွက်နိုင်မှာဖြစ်သလို ပြဿနာ တွေကိုလည်း အတူတကွဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ ဒါမှလည်း ဘုံရည်မှန်းချက်ကို အောင်မြင်အောင် ဆောင် ရွက်နိုင်မှာပါ။” လို့ ၎င်းက ပြောပါတယ်။

 

တရုတ်နိုင်ငံက ခရီးသွားတွေကို လက်ဝါးကြီးအုပ်ထားပြီး ဈေးပေါပေါနဲ့ ခရီးစဉ်တွေစီစဉ်ပေးနေတဲ့ တရုတ် ကုမ္ပဏီတွေကို ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်ပေးဖို့ တင်ပြလာတဲ့ ထိုင်းခရီးသွားလုပ်ငန်းရှင်များအ သင်းရဲ့တင်ပြချက်ကို အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း ဝန်ကြီးဆမ်ဆက်က ပြီးခဲ့တဲ့သီတင်းပတ်က ကတိပေးခဲ့ပါတယ်။

 

အဲဒီတရုတ်ကုမ္ပဏီတွေဟာ “ခရီးသွားလမ်းညွှန်တွေဟာ ထိုင်းနိုင်ငံသားတွေသာဖြစ်ရမယ်လို့” ပြဋ္ဌာန်းထာတးဲ့ နိုင်ငံခြားသားစီးပွားရေးလုပ်ငန်းအက်ဥပဒေကို ချိုးဖောက်ရာမှာ ထိုင်းနိုင်ငံသားတွေရဲ့နာမည်တွေကိုအသုံးပြုပြီး ထိုင်းနိုင်ငံထဲမှာ ခရီးသွားလုပ်ငန်းကုမ္ပဏီတွေဖွင့်လှစ်လုပ်ကိုင်နေတာဖြစ်ကြောင်း ဝန်ကြီးဆမ်ဆက်က ပြောပါ တယ်။

 

Ref: Achieving PM’s target tourism revenue ‘worrying’, says Sermsak

 

#PeopleMedia


Share this post