• Follow Us on
Latest News

Home ဝန်ကြီးချုပ်ဆရက်ထာ ရာထူးကဖယ်ရှားခံရရင် အစိုးရအဖွဲ့ ပြိုကွဲသွားမှာဖြစ်ကြောင်း ဖီယူထိုင်းပါတီ လွှတ်တော်အမတ်တွေကို ပေထောင်တန် သတိပေး

ဝန်ကြီးချုပ်ဆရက်ထာ ရာထူးကဖယ်ရှားခံရရင် အစိုးရအဖွဲ့ ပြိုကွဲသွားမှာဖြစ်ကြောင်း ဖီယူထိုင်းပါတီ လွှတ်တော်အမတ်တွေကို ပေထောင်တန် သတိပေး

Share this post

နိုင်ငံတကာ၊ ဇွန် ၆

 

ဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်ကို ရာထူးကဖယ်ရှားလိုက်ရင် ညွန့်ပေါင်းအစိုးရ ပြိုကွဲသွားမှာဖြစ်တဲ့အတွက် ဝိဆာနုကန်းနိအမ်းကို ဥပဒေအကြံပေးအဖြစ် ဆရက်ထာက ခန်ပအပ်လိုက်တာကို လက်ခံကြဖို့ ဖီယူထိုင်းပါတီ က လွှတ်တော်အမတ်တွေကို ပါတီခေါင်းဆောင် ပေထောင်တန်ရှင်နာဝပ်ထရာက တိုက်တွန်းလိုက်ပါတယ်။

 

ဗုဒ္ဓဟူးနေ့ (ဇွန်လ ၅ ရက်နေ့) က ပါတီဌာနချုပ်မှာကျင်းပတဲ့ ဖီယူထိုင်းပါတီ လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံ ဆွေးနွေးတဲ့အစည်းအတေဝးမှာ ပေထောင်တန်က အခုလို သတိပေးတိုက်တွန်းလိုက်တာဖြစ်ပါတယ်။

 

ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးမှာ ကိုယ့်ကိုယ်ကိုယ်ခုခံကာကွယ်ဖို့ ပြင်ဆင်နေချိန်မှာ ဗိုလ်ချုပ်ကြီးပရာယွတ် ချန်အိုချာအစိုးရလက်ထက်က ဒုတိယဝန်ကြီးချုပ်ဖြစ်ခဲ့သူ ဝိဆာနုကို ဥပဒေအကြံပေးအဖြစ် ဝန်ကြီးချုပ်ဆရက် ထာက ခန့်အပ်လိုက်တာဖြစ်ပါတယ်။

 

အကျဉ်းကျခဲ့ဖူးတဲ့ ရှေ့နေဟောင်းဖြစ်သူ ဖိချစ်ချူယန်ဘန်းကို ဝန်ကြီးအဖြစ်ခန့်အပ်ခဲ့တဲ့အတွက် ဆရက်ထာ ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အထက်လွှတ်တော်အမတ် ၄၀ က ဖွဲ့စည်းပုံ အခြေခံဥပဒေတရားရုံးကို တိုင်တန်းခဲ့တာဖြစ်ပါတယ်။

 

ဖီယူထိုင်းပါတီလွှတ်တော်အမတ်တချို့အနေနဲ့ မိမိတို့ရဲ့ ရန်သူတော်ဟောင်းတစ်ဦးကို ဝန်ကြီးချုပ်အကြံပေးအ ဖြစ် ခန့်အပ်လိုက်တာကို စိတ်မသက်မသာ ဖြစ်နေနိုင်တယ်ဆိုတာ မိမိအနေနဲ့ နားလည်ကြောင်း ပေထောင် တန်က ပြောပါတယ်။

 

“ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ။ ဝိဆာနုအနေနဲ့ အစိုးရကိုကူညီဖို့ စိတ်စေတနာကောင်းနဲ့ ရောက်ရှိလာတာ ဖြစ်ပါတယ်။” လို့ ၎င်းက လွှတ်တော်အမတ်တွေကို ပြောပါတယ်။

 

ဝိဆာနုဟာ ဖခင်ဖြစ်သူ သက်ဆင်ရှင်နာဝပ်ထရာဦးဆောင်တဲ့ ထိုင်းရတ်ထိုင်းအစိုးရလက်ထက်မှာလည်း တာ ဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း ပေထောင်တန်က ပြောပါတယ်။

 

“သူဟာ ဘက်စုံအရည်အချင်းပြည့်ဝတဲ့ လူတော်တစ်ဦးပါ။ ကျေးဇူးပြုပြီး သူ့ကို လက်ခံပေးပါ။ သူ့ကို အကြံပေး အဖြစ်ခန့်အပ်တာကို နားလည်လက်ခံပေးပါ။” လို့ ၎င်းက ပြောပါတယ်။

 

အစိုးရအနေနဲ့ ချမှတ်ထားတဲ့မူဝါဒတွေကို အကောင်အထည်ဖော်ရာမှာ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ဥပဒေစည်းမျဉ်း တွေကို မချိုးဖောက်ခဲ့ကြောင်း သက်သေပြဖို့ ဆရက်ထာအတွက် အရည်အချင်းရှိပြီးထက်မြက်တဲ့ အကြံပေး အရာရှိတစ်ဦး လိုအပ်ကြောင်း ပေထောင်တန်က ပြောပါတယ်။

 

“ဒါ့ကြောင့် ကျွန်မတို့အတွက် ဆောင်ရွက်ပေးမယ့် အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးရရှိထားတာ အင်မတန် ကောင်းပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ဆရက်ထာက အစိုးရအဖွဲ့ရင်ဆိုင်နေရတဲ့ အဓိကဥပဒေကြောင်းဆိုင်ရာပြဿနာအတွက် တရားရုံးမှာ တိုက်ပွဲ ဝင်နေစဉ်အတွင်း ဆရက်ထာနောက်ကနေ ညီညီညွတ်ညွတ် ရပ်တည်ကြဖို့ ပေထောင်တန်က လွှတ်တော်အ မတ်တွေကို တောင်းဆိုလိုက်ပါတယ်။

 

“ဝန်ကြီးချုပ်သာ ရာထူးကဆင်းပေးလိုက်ရမယ်ဆိုရင် ညွှန့်ပေါင်းအစိုးရအဖွဲ့ရော အောက်လွှတ်တော်ရော ရှိမှာ မဟုတ်တော့ပါဘူး။ ဒါ့ကြောင့် ဆရက်ထာနောက်ကနေ ညီညီညွတ်ညွတ်ရပ်တည်ကြဖို့ တောင်းဆိုပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

Ref: MPs warned government will fall if PM Srettha is deposed in legal case

 

#PeopleMedia


Share this post