• Follow Us on
Latest News

Home ဝန်ကြီးချုပ်ဆရက်ထာ ၎င်းရဲ့လစာနဲ့ ထောက်ပံ့ကြေးတွေကို လူမှုရေးအသင်းအဖွဲ့တွေကို လှူဒါန်းသွားမည်

ဝန်ကြီးချုပ်ဆရက်ထာ ၎င်းရဲ့လစာနဲ့ ထောက်ပံ့ကြေးတွေကို လူမှုရေးအသင်းအဖွဲ့တွေကို လှူဒါန်းသွားမည်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၉

 

ထိုင်းဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်ဟာ ၎င်းရဲ့လစာနဲ့ ထောက်ပံ့ကြေးငွေတွေကို ဆင်းရဲသားတွေကို ကူညီ နေတဲ့ လူမှုရေးအသင်းအဖွဲ့တွေကို လှူဒါန်းသွားမှာဖြစ်ကြောင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ် ချိုင်းဝတ်ချာရောင်းက ကြာသပတေးနေ့ (စက်တင်ဘာလ ၂၈ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

အလှူငွေလှူဒါန်းသွားမယ့် လူမှုရေးအဖွဲ့တွေကို ဝန်ကြီးချုပ်ရဲ့ လုပ်ငန်းအဖွဲ့က ရွေးချယ်သွားမှာဖြစ်ကြောင်း ချိုင်းက ပြောပါတယ်။

 

ပထမဦးဆုံးအလှူကို ကလေးသူငယ်များဖောင်ဒေးရှင်း (Foundation for Children) ကို လှူဒါန်းသွားမှာဖြစ် ကြောင်း၊ ကလေးသူငယ်များဖောင်ဒေးရှင်းဟာ နွမ်းပါးကလေးငယ်တွေနဲ့ အိုးမဲအိမ်မဲ့ကလေးငယ်တွေ ရုပ်ပိုင်း ဆိုင်ရာ/ စိတ်ပိုင်းဆိုင်ရာနဲ့ တီထွင်ဖန်တီးနိုင်တဲ့အရည်အသွေးတွေ ဖွံ့ဖြိုးတိုးတက်လာအောင် အခွင့်အလမ်း တွေထောက်ပံ့ပေးနေသလို ကလေးသူငယ်အခွင့်အရေး၊ ပညာရေးနဲ့ လူမှုဖူလုံရေးတွေကို မြှင့်တင်ပေးနေတဲ့ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း ချိုင်းက ပြောပါတယ်။

 

လစာငွေကိုလှူဒါန်းတဲ့အပြင် ဝန်ကြီးချုပ်ဆရက်ထာဟာ လူမှုရေးအသင်းအဖွ့ဲတွေရဲ့ လိုလားချက်တွေ၊ ပြဿ နာတွေကို ဖြေရှင်းရေးနည်းလမ်းတွေရှာဖွေနိုင်ရေးအတွက် ၎င်းတို့တင်ပြချက်တွေကို နားထောင်ဖို့ လူမှုရေး အဖွဲ့တွေက အမှုဆောင်အရာရှိတွေနဲ့ တွေ့ဆုံသွားမှာဖြစ်ပါတယ်။

 

ပေးကမ်းခြင်းဆိုတာ လူတိုင်းလုပ်နိုင်တဲ့အလုပ်ဖြစ်ကြောင်း ဆရက်ထာက ပြောကြားခဲ့တာကို ကိုးကားပြီး “ဝန် ကြီးချုပ်ဟာ ပေးကမ်းခြင်းလုပ်ငန်းကို သူကိုယ်တိုင်စတင်လုပ်ဆောင်ပါတယ်။

 

ထိုင်းပြည်သူတွေအတွက် ပျော် ရွှင်မှုတွေနဲ့ ကောင်းကျိုးချမ်းသာတွေ အထူးသဖြင့် လူမှုရေးမညီမျှမှုကို လျှော့ချရာမှာ အထောက်အကူပြုနိုင်တဲ့ ပညာရေးနဲ့ပတ်သက်တဲ့အပိုင်းတွေကို ဖန်တီးဖို့ ရည်ရွယ်ထားတဲ့ မူဝါဒတွေ အစိုးရမှာလည်း အများအပြားရှိပါ တယ်။” လို့ ချိုင်းက ပြောပါတယ်။

 

ချို့တဲ့နွမ်းပါးတဲ့သူတွေကို ကူညီနေတဲ့ လူမှုရေးအသင်းအဖွဲ့တွေကို ချင်ချင်းလှူဒါန်းနိုင်ကြောင်း၊ တခြားတစ် ဘက်မှာ နွမ်းပါးသူတွေကိုကူညီဖို့ ဥပဒေပြဋ္ဌာန်းနေတာက အချိန်ကြာမြင့်နိုင်ကြောင်း ၎င်းက ပြောပါတယ်။ ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ ဆရက်ထာဟာ လစာငွေ ၇၅,၅၉၀ ဘတ်၊ ထောက်ပံ့ကြေးငွေ ၅၀,၀၀၀ ဘတ် စုစုပေါင်း ဘတ်ငွေ ၁၂၅,၅၉၀ ရရှိမှာဖြစ်ပါတယ်။

 

ဆရက်ထာဟာ ဝန်ကြီးချုပ်မဖြစ်ခင်က ထိုင်းနိုင်ငံရဲ့အိမ်ခြံမြေကုမ္ပဏီကြီးဖြစ်တဲ့ ဆန်းသီရိကုမ္ပဏီမှာ ဥက္ကဋ္ဌနဲ့ အမှုဆောင်အရာရှိချုပ် (CEO) အဖြစ်တာဝန်ယူခဲ့သူဖြစ်ပါတယ်။

 

အခုနှစ်အစောပိုင်း နိုင်ငံရေးလောကထဲကိုမဝင်ခင် ကုမ္ပဏီရဲ့ထိပ်တန်းရာထူးတွေကို စွန့်လွှတ်ခဲ့တဲ့ ဆရက်ထာ ဟာ ကုမ္ပဏီမှာရှိတဲ့ ၎င်းပိုင်ဆိုင်တဲ့အစုရှယ်ယာတန်ဖိုး ဘတ်ငွေ ၁.၂ သန်းကျော်ကို သမီးဖြစ်သူကို လွှဲပြောင်း ပေးခဲ့ကြောင်း သိရပါတယ်။

 

Ref: PM Srettha will donate his salary to charities

 

#PeopleMedia


Share this post