• Follow Us on
Latest News

Home ဝန်ကြီးချုပ်ဖြစ်ဖို့ထက် အစိုးရဟောင်းကိုရပ်တန့်ပစ်နိုင်ဖို့က ပိုအရေးကြီးကြောင်း ပီတာပြော

ဝန်ကြီးချုပ်ဖြစ်ဖို့ထက် အစိုးရဟောင်းကိုရပ်တန့်ပစ်နိုင်ဖို့က ပိုအရေးကြီးကြောင်း ပီတာပြော

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၂၂

 

ဝန်ကြီးချုပ်ဖြစ်ဖို့အရေးဟာ အစိုးရဟောင်းဆက်ခံမှုကို ရပ်တန့်ပစ်ဖို့်လောက် ပိုပြီးအရေးမကြီးကြောင်း Move Forward ပါတီခေါင်းဆောင် ပီတာလင်းဂျားရင်းနတ်က သောကြာနေ့ညပိုင်းက ၎င်းရဲ့လူမှုကွန်ရက်မှာ ရေးသား ခဲ့ပါတယ်။

 

လူမှုကွန်ရက်ပေါ်မှာ ရေးသားပို့စ်တင်ပြီးမကြာခင်မှာပဲ အဲဒီအကြောင်းတွေကိုပြောထားတဲ့ ဗီဒီယိုဖိုင်တစ်ခုကို တင်ခဲ့ပါသေးတယ်။

 

ပြုပြင်ပြောင်းလဲမှုကို မလိုလားတဲ့ ရှေးရိုးစွဲဝါဒီတွေဟာ Move Forward ပါတီက ထိုင်းဘုရင်နဲ့ တော်ဝင်မိသား စုကို အကာအကွယ်ပေးထားတဲ့ဥပဒေကို ပြင်ဆင်ဖို့ ရွေးကောက်ပွဲကတိကဝတ်ပြုခဲ့တယ်ဆိုတဲ့အကြောင်းပြ ချက်ကို အသုံးချပြီး Move Forward ပါတီကို ညွန့်ပေါင်းအစိုးရကို ဦးဆောင်ခွင့်မပြုခဲ့တာ ရှင်းရှင်းလင်းလင်းသိ ခဲ့ရကြောင်း အဲဒီဖော်ပြချက်ထဲမှာ ပီတာက ပြောဆိုခဲ့ပါတယ်။

 

“ဝန်ကြီးချုပ်ဖြစ်ခွင့်မရတာဟာ ဒီနိုင်ငံကို ပြုပြင်ပြောင်းလဲမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့မျှော်လင့်ချက်တွေ ဒီနေရာ မှာ အဆုံးသတ်သွားပြီလို့ အဓိပ္ပာယ်မသက်ရောက်ပါဘူး။” လို့ ပီတာက ပြောပါတယ်။

 

အရေးအကြီးဆုံးအရာက လက်ရှိအစိုးရကို ပြုပြင်ပြောင်းလဲပြီး အနားပေးလိုက်ဖို့ဆိုတဲ့ ပြည်သူ့ဆန္ဒနဲ့အညီ အစိုး ရသစ်ကို ဖွဲ့စည်းဖို့ဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

အစိုးရသစ်ဖွဲ့စည်းရာမှာ ဖီယူထိုင်းပါတီကို ထောက်ခံသွားဖို့ Move Forward ပါတီအနေနဲ့ အသင့်ရှိနေကြောင်း ကိုလည်း ပီတာက ပြောပါတယ်။ “ကျွန်တော်တို့ ခိုင်ခိုင်မြဲမြဲ လက်တွဲထားသမျှ ကာလပတ်လုံး အစိုးရဟောင်း ဆက်လက်အုပ်ချုပ်မယ့်ဆက်ခံမှု ကို ကျွန်တော်တို့ ဟန့်တားကာကွယ်သွားနိုင်မှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

နိုင်ငံဟာ အောင်မြင်မှုအဆင့်ဆီ လှမ်းတက်နိုင်ခဲ့ပြီဖြစ်ပြီး နောက်ပြန်ဆုတ်သွားမှာမဟုတ်ကြောင်းပြောဆိုရင်း ၎င်းကိုထောက်ခံသူတွေကို မျှော်လင့်ချက်တွေ မပျောက်ဆုံးသွားဖို့ ပီတာက အားပေးပြောဆိုခဲ့ပါတယ်။

 

Ref: Pita says the aim must be to stop “old power” succession

 

#PeopleMedia


Share this post