ဝန်ကြီးချုပ်ရာထူးအတွက် ပေထောင်တန် လူထုထောက်ခံမှုရရှိပေမဲ့ ပါတီထောက်ခံမှုမှာ ပြည်သူ့ပါတီ အသာစီးရနေကြောင်း NIDA ထုတ်ပြန်
PUBLISHED - September 30, 2024
နိုင်ငံတကာ၊ စက်တင်ဘာ ၃၀
ဖီယူထိုင်းပါတီခေါင်းဆောင် ပေထောင်တန်ရှင်နာဝပ်ဟာ ဝန်ကြီးရာထူးအတွက် မျက်နှာသာအပေးခံရဆုံးဖြစ် ပေမဲ့ လူထုအနှစ်သက်ဆုံးပါတီဟာ ပြည်သူ့ပါတီ (People’s Party) ဖြစ်ကြောင်း Nida Poll ခေါ် အမျိုးသားဖွံ့ ဖြိုး တိုးတက်ရေး အင်စတီကျူ (NIDA) က ၂၀၂၄ ခုနှစ် တတိယသုံးလပတ်အတွင်း ပြုလုပ်ခဲ့တဲ့ ဆန်းစစ်လေ့ လာမှုတစ်ခုအဖြေအရ သိရှိခဲ့ရပါတယ်။
အဲဆန်းစစ်လေ့လာမှုအတွက် ပညာရေး/ အလုပ်အကိုင်/ ဝင်ငွေ အခြေအနေအမျိုးမျိုးရှိတဲ့ အသက် ၁၈ နှစ်နဲ့ အထက် လူဦးရေ ၂၀၀၀ ကို စက်တင်ဘာ ၁၆ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ NIDA က ဖုန်းနဲ့ အင်တာဗျူးပြီး မေးမြန်းခဲ့တာဖြစ်ပါတယ်။
ဝန်ကြီးချုပ်ရာထူးအတွက် အခုအချိန်မှာ ဘယ်သူ့ကိုထောက်ခံသလဲလို့မေးတဲ့အချိန်မှာ ၃၁.၃၅% က ပြည်သူ ရင်ဆိုငနေရတဲ့ ပြဿနာတွေကို ဦးဆောင်ဖြေရှင်းနေတဲ့အတွက် ဖီယူထိုင်းပါတီက လက်ရှိဝန်ကြီးချုပ်ပေ ထောင်တန်ကို ထောက်ခံကြောင်းဖြေပါတယ်။
၂၃.၅၀% ကတော့ သင့်တော်တဲ့သူ တစ်ယောက်မှမတွေ့ဘူူးလို့ဖြေဆိုပြီး ၂၂.၉၀% ကတော့ အတွေးအခေါ် သစ်နဲ့ ကောင်းမွန်တဲ့သဘောထားရှိတဲ့အတွက် ပြည်သူ့ပါတီက နတ်သဖောင် ရောင်းပန်းယာဝတ်ကို ထောက် ခံတယ်လို့ ဖြေပါတယ်။
၈.၆၅% ကတော့ ယုံကြည်ထိုက်တဲ့အရည်အချင်းတွေနဲ့ အုပ်ချုပ်ရေးအတွေ့အကြုံတွေကြောင့် UTN ပါတီက ဖီ ယာပန်း ဆာလီယာသာဗစ်ဟာဂါကို ထောက်ခံကြောင်း ပြောပါတယ်။
အလားတူ ၁.၆၅% က ထိုင်းဆန်ထိုင်းပါတီက ခွန်ယင်ဆူဒါရက်ခေယူရာဖန်း၊ ၄.၀၀% က ဖုန်ဂျိုင်ထိုင်းပါတီ က အနူတင် ချန်းဗီရာကူလ်၊ ၁.၁၅% က ပါလန်ပရာချာရတ်ပါတီက ဗိုလ်ချုပ်ကြီးဟောင်းပရာဝတ်ဝေါင်ဆူဝန်နဲ့ ကျန်တဲ့ ပါတီ ၈ ခုက ကိုယ်စားလှယ်တွေကိုလည်း ၂.၈၀% အသီးသီးထောက်ခံခဲ့ပါတယ်။ ၄.၅% ကတော့ မသိဘူး/ စိတ်မဝင်စားဘူးလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
ပါတီတွေအားလုံးထဲမှာ ဘယ်ပါတီကိုထောက်ခံသလဲလို့မေးမြန်းတဲ့အခါ ဖြေဆိုသူ ၃၄.၂၅% က ပြည်သူ့ပါတီ ကို ထောက်ခံကြောင်းပြန်လည်ဖြေကြားပါတယ်။
၂၇.၁၅% က ဖီယူထိုင်းပါတီ၊ ၉.၉၅% က UTN ပါတီ၊ ၄.၄၀% က ဒီမို ကရက်ပါတီ၊ ၃.၅၅% က ဖုန်ဂျိုင်ထိုင်း ပါတီ၊ ၂.၀၅% က ပါလန်ပရာချာရတ်ပါတီနဲ့ ၁.၇၀% က ထိုင်းဆန်ထိုင်းပါတီ တို့ကို ထောက်ခံကြောင်း ပြန် လည် ဖြေကြားပါတယ်။
ဖြေကြားသူ ၁၅.၁၀% ကတော့ သင့်တော်တဲ့ပါတီမတွေ့ဘူးလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဖြေကြားသူ ဝ.၇၅% ကတော့ မသိဘူး/ စိတ်မဝင်စားဘူးလို့ ပြန်လည်ဖြေကြားပါတယ်။
Ref: Thai PM Paetongtarn, People’s Party top popularity poll
#PeopleMedia