• Follow Us on

Home ဝန်ကြီးချုပ်ရွေးချယ်ပွဲကို သြဂုတ်လ ၂၂ ရက်နေ့ ကျင်းပရန် ရက်သတ်မှတ်

ဝန်ကြီးချုပ်ရွေးချယ်ပွဲကို သြဂုတ်လ ၂၂ ရက်နေ့ ကျင်းပရန် ရက်သတ်မှတ်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၇

 

ထိုင်းနိုင်ငံဝန်ကြီးချုပ်သစ်ရွေးချယ်မယ့် လွှတ်တော်အစည်းအဝေးကို သြဂုတ်လ ၂၂ ရက်နေ့မှာ ကျင်းပ သွားမှာဖြစ်ကြောင်း အောက်လွှတ်တော်ဥက္ကဋ္ဌဝန်မူဟာမက်နော်မာသာက ကြေညာလိုက်ပါတယ်။

 

ဝန်ကြီးချုပ်သစ်ရွေးချယ်ပွဲအတွက် ရက်သတ်မှတ်တာကို ၎င်းနဲ့ အထက်လွှတ်တော်ဥက္ကဋ္ဌ ပုန်းပက်ဝီချစ်ချို ချိုင်းတို့ သဘောတူညီပြီးဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

Move Forward ပါတီခေါင်းဆောင်ပီတာလင်းဂျားရင်းနတ်ကို ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်း ထပ်မံ တင်သွင်းတာကို လွှတ်တော်ကပယ်ချခဲ့တဲ့ဆုံးဖြတ်ချက်ကို ပြန်လည်စစ်ဆေးပေးဖို့ ဖွဲ့စည်းပုံ အခြေခံတရားရုံးကို တင်ပြလွှာတစ်စောင်တင်သွင်းခဲ့ပါတယ်။

 

အဲဒီလို ပြန်လည်စစ်ဆေးပေးဖို့ တင်ပြလာတာကို ဖွဲ့စည်းပုံ အခြေခံဥပဒေတရားရုံးက ဗုဒ္ဓဟူးနေ့က ပယ်ချလိုက်ပြီးနောက် အခုလို ရက်သတ်မှတ်မှုထွက်ပေါ်လာတာဖြစ်ပါတယ်။

 

ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးရဲ့ဆုံးဖြတ်ချက်အသေးစိတ်ကို စစ်ဆေးပေးမယ့် ဥပဒေအကြံပေးအဖွဲ့ လွှတ်တော်မှာရှိနေပြီး သြဂုတ်လ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီမှာ အထက်လွှတ်တော်/အောက်လွှတ်တော် နှစ်ရပ်စလုံးက အကြံပေးအရာရှိတွေနဲ့ အဲဒီကိစ္စကို ဆွေးနွေးသွားမှာဖြစ်ကြောင်း ဝန်မူဟာမက်က သတင်း ထောက်တွေကို ပြောပါတယ်။

 

မစ္စတာပီတာရဲ့အမည်စာရင်းပြန်လည်တင်သွင်းမှု ပယ်ချခဲ့တာကို လွှတ်တော်အနေနဲ့ ပြန်လည်စဉ်းစားဖို့ Move Forward ပါတီက လွှတ်တော်အမတ် ရန်းဆီမန်ရုမ်းက တင်ပြခဲ့တာကို ရည်ညွှန်းပြီး “အဲဒီကိစ္စဆွေး နွေးဖို့အတွက် သြဂုတ်လ ၂၂ ရက်နေ့မှာ တင်ပြသွားဖို့ မျှော်လင့်ထားကြောင်း၊ ဆွေးနွေးမှုကို လွှတ်တော် စည်းမျဉ်းစည်း ကမ်းတွေအတိုင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း” ဝန်မူဟာမက်က ပြောပါတယ်။

 

ပြီးခဲ့တဲ့နောက်ဆုံးအကြိမ်လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်အမတ်တွေဟာ ရန်းဆီမန်ရုမ်းရဲ့ တင် ပြချက်နဲ့ပဲ အလုပ်ရှုပ်နေတာကြောင့် တခြားကိစ္စတွေကို ဆွေးနွေးနိုင်ခဲ့ခြင်းမရှိဘူူးလို့ဆိုပါတယ်။

 

ဝန်မူဟာမက်က အဲဒီအချိန်မှာ လွှတ်တော်အစည်းအဝေးကို ရုတ်ချည်းရပ်တန့်ဖို့ ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။

 

Ref: August 22nd set for next vote on a new prime minister

 

#PeopleMedia


Share this post