ဝန်ကြီးချုပ်ရွေးချယ်ပွဲမှာ အထက်လွှတ်တော်အမတ်တွေရဲ့ မဲပေးရွေးချယ်ခွင့်ကို ပြန်လည်ရုပ်သိမ်းဖို့ Move Forward ပါတီကြိုးပမ်း

PUBLISHED - July 14, 2023
နိုင်ငံတကာ၊ ဇူလိုင် ၁၄
အထက်လွှတ်တော်အမတ်တွေကို ဝန်ကြီးချုပ်ရွေးချယ်ဖို့အတွက် မဲပေးခွင့်ပြုထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲ က ပုဒ်မတစ်ခုကို ပြန်လည်ရုပ်သိမ်းပေးဖို့ ဇူလိုင်လ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက Move Forward ပါတီက လွှတ် တော်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့က အဆိုတင်သွင်းလွှာတစ်စောင်ကို လွှတ်တော်ထံ တင်ပြခဲ့ကြောင်း ပါတီရဲ့ ဒုတိယ ပြောခွင့်ရပုဂ္ဂိုလ် ပက်ခမွန်နူးနာနန့်က ဇူလိုင်လ ၁၄ ရက်နေ့က ပြောကြားလိုက်ပါတယ်။
ပုဒ်မ ၂၇၂ မှာပြဋ္ဌာန်းထားတဲ့ အခွင့်အာဏာကို ရုပ်သိမ်းပေးဖို့ အဆိုတင်သွင်းလွှာကို ညနေ ၃ နာရီမှာလက်ခံ မှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
ပုဒ်မ ၂၇၂ ကို ပြန်လည်ပြင်ဆင်ဖို့ ကြိုးပမ်းမှုမအောင်မြင်ခဲ့ရင် အတိုက်အခံရဲ့ကဏ္ဍကို ပါတီအနေနဲ့ စဉ်းစားရ မှာဖြစ်ကြောင်း Move Forward ပါတီရဲ့ အကြံပေးပညာရှင်အဖွဲ့ဖြစ်တဲ့ Progressive Movement အဖွဲ့ရဲ့ထိပ် တန်းအဖွဲ့ဝင်တစ်ဦးဖြစ်သူ ပီယာဘတ်ဆန်ကာနုတ်ကူက ပြောပါတယ်။
အထက်လွှတ်တော်အမတ်တွေကို ပြောင်းလဲလာအောင် ဖိအားပေးမယ့် သတင်းအချက်အလက်အသစ်တွေ မရှိမချင်း ဒါမှမဟုတ် ၎င်းတို့ကို ဖိအားပေးဖို့ ဆန္ဒပြပွဲကြီးတွေ ထွက်ပေါ်မလာမချင်း ဝန်ကြီးချုပ်ရွေးချယ်ပွဲကို လွှတ်တော်ထဲမှာ ဘယ်နှကြိမ်ပဲကျင်းပကျင်းပ Move Forward ပါတီခေါင်းဆောင်ပီတာလင်းဂျားရင်းနတ် ဝန် ကြီးချုပ်အဖြစ်ယှဉ်ပြိုင်မှုကို ၎င်းတို့က ကန့်ကွက်နေမှာပဲဖြစ်တယ်လို့ ယုံကြည်ကြောင်း ၎င်းကပြောပါတယ်။
Move Forward ပါတီအနေနဲ့ ၈ ပါတီညွန့်ပေါင်းအဖွဲ့ထဲကို ပိုမိုပူးပေါင်းပါဝင်လာအောင် တခြားပါတီတွေကို စည်းရုံးဖို့ ကြိုးစားစေဦးတော့ ဖုန်ချိုင်ထိုင်းပါတီနဲ့ ဒီမိုကရက် သို့မဟုတ် ချာထိုင်းပတ်တာနာပါတီတို့လို ပါတီ တွေဟာ ထိုင်းဘုရင်ကိုကာကွယ်ပေးထားတဲ့ဥပဒေပြင်ဆင်ရေးကို ဆန့်ကျင်တဲ့ပါတီတွေဖြစ်နေလို့ ညွန့်ပေါင်း အဖွဲ့ထဲ ဝင်လာဖို့ဆိုတာကို ၎င်းအနေနဲ့ သံသယရှိကြောင်း ပီယာဘတ်ဆန်ကာနုတ်ကူက ပြောပါတယ်။
အထက်လွှတ်တော်အမတ်တွေဟာ Move Forward ပါတီအစိုးရအဖွဲ့ထဲမှာပါဝင်လာမှာကို မလိုလားတဲ့အတွက် Move Forward ပါတီက ဖီယူထိုင်းပါတီကို ဦးဆောင်ခိုင်းဖို့အတွက် ပီတာကိုဝန်ကြီးချုပ်လောင်းစာရင်းက ပြန် လည်ရုပ်သိမ်းလိုက်တယ်ဆိုရင်တောင် ဖီယူထိုင်းပါတီကအမည်စာရင်းတင်သွင်းမယ့် ဝန်ကြီးချုပ်လောင်းကို ၎င်းတို့က ထောက်ခံမဲပေးလိမ့်မယ်ဆိုတာကိုလည်း သံသယရှိကြောင်း ပီယာက ပြောပါတယ်။
Move Forward ပါတီအနေနဲ့ ညွန့်ပေါင်းပါတီတွေအတွက် မဲဆန္ဒရှင်ပြည်သူ ၂၇ သန်းရဲ့ဆန္ဒကို လေးစားဖို့အ တွက် အစွမ်းကုန်ကြိုးစားခဲ့ကြောင်း ပြသဖို့ တခြားနည်းလမ်းတွေမရှာဖွေဘဲနဲ့ ပီတာကို ဝန်ကြီးချုပ်လောင်း အ မည်စာရင်းတင်သွင်းတာကို တောက်လျှောက်လုပ်သွားနိုင်မှာ မဟုတ်ကြောင်း ပြောဆိုရင်း အထက်လွှတ်တော် အမတ်တွေကို ဝန်ကြီးချုပ်လောင်းရွေးချယ်ပွဲ မဲပေးခွင့်ပြုထားတဲ့ အခွင့်အာဏာကို ပြန်လည်ရုပ်သိမ်းဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ဖို့ ကြိုးစားမှုတစ်ရပ်ကို ထောက်ခံကြောင်း ပီယာဘတ်ဆန်ကာနုတ် ကူက ပြောပါတယ်။
Ref: Move Forward to seek revocation of Senate’s power to vote for PM
#PeopleMedia