• Follow Us on
Latest News

Home ဝန်ကြီးချုပ်သစ်ဆရက်သာ ဗိုလ်ချုပ်ကြီးပရာယွတ်ကို သွားရောက်တွေ့ဆုံနှုတ်ဆက်

ဝန်ကြီးချုပ်သစ်ဆရက်သာ ဗိုလ်ချုပ်ကြီးပရာယွတ်ကို သွားရောက်တွေ့ဆုံနှုတ်ဆက်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၄

 

ဝန်ကြီးချုပ်သစ် ဆရက်သာသာဗီဆင်ဟာ အကြံဉာဏ်များရယူဖို့အတွက် ဝန်ကြီးချုပ်ဟောင်းဗိုလ်ချုပ်ကြီးပရာ ယွတ်ချန်အိုချာကို အစိုးရအိမ်တော်မှာ ကြာသပတေးနေ့က သွားရောက်တွေ့ဆုံခဲ့ပါတယ်။

 

ဖီယူထိုင်းပါတီရဲ့ဝန်ကြီးချုပ်မစ္စတာဆရက်သာဟာ လောကဝတ်အလို့ငှာ ဗိုလ်ချုပ်ကြီးပရာယွတ်ကိုသွားရောက် တွေ့ဆုံဖို့နှုတ်ဆက်ဖို့အတွက် အနက်ရောက်တိုယိုတာအဲဖတ်ဒ်ကားနဲ့ထွက်ခွာလာရာ မနက် ၁၁ နာရီ ၅ မိနစ် ဝန်းကျင်မှာ အစိုးရအိမ်တော်ကိုဆိုက်ရောက်လာခဲ့ပါတယ်။

 

ထိုင်းဘုရင်က မစ္စတာဆရက်သာကို ထိုင်းနိုင်ငံရဲ့အယောက် ၃၀ မြောက် ဝန်ကြီးချုပ်အဖြစ် ဗုဒ္ဓဟူးနေ့က ထောက်ခံအတည်ပြုလိုက်ပြီးနောက်မှာ ဆရက်သာက အခုလို ဗိုလ်ချုပ်ကြီးပရယွတ်ထံကို သွားရောက်တွေ့ဆုံ ခဲ့တာဖြစ်ပါတယ်။

 

ဝန်ကြီးချုပ်သစ်မစ္စတာဆရက်သာကို ထိုင်းဝန်ကြီးချုပ်ဟောင်းယဉ်လတ်ရှင်နာဝပ်ထရာလက်ထက်က ရဲအရာရှိ သက်တော် စောင့်ဟောင်းဖြစ်သူ ရဲမှူးကြီးဝါသန်ယု ဝတ်ချာရာပါလိုထိုင်းက လုံခြုံရေးအဖြစ် လိုက်ပါစောင့် ရှောက်ခဲ့ပါတယ်။

 

United Thai Nation ပါတီရဲ့ခေါင်းဆောင်လည်းဖြစ်ပြီး ဝန်ကြီးချုပ်ဟောင်းပရာယွတ်ရဲ့ အထွေထွေအတွင်း ရေးမှူးလည်းဖြစ်တဲ့ ဖီရာဖန်ဆလီရာသာဗစ်ဟာဂါလည်း အဲဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့ပါတယ်။

 

တွေ့ဆုံပွဲဟာ ၄၅ မိနစ်ဝန်းကျင်လောက်ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။

 

အင်္ဂါနေ့ (သြဂုတ်လ ၂၂ ရက်နေ့) က ထိုင်းအထက်လွှတ်တော်/အောက်လွှတ်တော်အမတ်တွေက အသက် ၆၁ နှစ်အရွယ်ဝန်ကြီးချုပ်လောင်းဆရက်သာကို မဲပေးရွေးချယ်ရာမှာ မစ္စတာဆရက်သာဟာ ထောက်ခံမဲ ၄၈၂ မဲ၊ ကန့်ကွက်မဲ ၁၆၅ မဲနဲ့ ကြားနေမဲ ၈၁ မဲ ရရှိခဲ့ပါတယ်။

 

မစ္စတာဆရက်သာကိုပေးခဲ့တဲ့ ကန့်ကွက်မဲအားလုံးနီးပါးဟာ မေလ ၁၄ ရက်နေ့ရွေးကောက်ပွဲတုန်းက အနိုင်ရခဲ့ ပြီး ပါတီရဲ့ဝန်ကြီးချုပ်လောင်းပီတာလင်းဂျားရင်းနတ် ထောက်ခံမဲမရခဲ့တဲ့ Move Forward ပါတီရဲ့ လွှတ်တော် အမတ်တွေဆီကလာတဲ့ မဲတွေချည်းပဲလို့ ဆိုပါတယ်။

 

မစ္စတာဆရက်သာကို နိုင်ငံရေးအရ ဘယ်တုန်းကမှ ပေါ်ပေါ်ထင်ထင် လူသိမများခဲ့ပေမဲ့လည်း ၎င်းဟာ ဖီယူ ထိုင်းပါတီကို သြဇာလွှမ်းမိုးသူတွေဖြစ်ကြတဲ့ ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရော ဝန်ကြီးချုပ်ဟောင်း ယဉ်လတ် ရှင်နာဝပ်ထရာပါ နှစ်ဦးစလုံး ယုံကြည်စိတ်ချရတဲ့ အတွင်းလူဖြစ်နေတာ ကြာပြီလို့ ဆိုပါတယ်။

 

ဒါပေမဲ့ ဆူသက်ပ်သောင်ဆူဘန်နဲ့ ပြည်သူ့ဒီမိုကရက်တစ်ပြုပြင်ရေးကော်မတီ (PDRC) က ဦးစီးတဲ့ ယဉ်လတ် အစိုးရကိုဆန့်ကျင်တဲ့ အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုကို ပြစ်တင်ရှုတ်ချခဲ့စဉ်ကတော့ မစ္စတာဆရက်သာဟာ ပြင်းပြင်းထန်ထန် ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့သူဖြစ်ပါတယ်။

 

၂၀၁၄ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးပရာယွတ်ဦးဆောင်တဲ့စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်မှာတော့ “အပြုသ ဘောဆောင်တဲ့ သဘောထားပြောင်းလဲညှိနှိုင်းဖို့အတွက်” လူကိုယ်တိုင်လာရောက်သတင်းပို့ဖို့ ဆင့်ခေါ်ခံခဲ့ရတဲ့ ထင်ရှားတဲ့သူဆယ့်လေးငါးယောက်ထဲမှာ မစ္စတာဆရက်သာလည်း ပါဝင်တယ်လို့ သိရပါတယ်။

 

Ref: New prime minister Srettha meets Gen Prayut News- Bangkok Post and Photo from Bangkok Post and Thai PBS

 

#PeopleMedia


Share this post