• Follow Us on

Home ဝန်ကြီးချုပ်ဟောင်းယဉ်လတ် ထောင်ဒဏ် ငါးနှစ်အကျခံဖို့ကလွဲလို့ ရွေးချယ်စရာမရှိကြောင်း အထက်လွှတ် တော်အမတ်တစ်ဦးပြော

ဝန်ကြီးချုပ်ဟောင်းယဉ်လတ် ထောင်ဒဏ် ငါးနှစ်အကျခံဖို့ကလွဲလို့ ရွေးချယ်စရာမရှိကြောင်း အထက်လွှတ် တော်အမတ်တစ်ဦးပြော

Share this post

နိုင်ငံတကာ၊ မတ် ၆

 

နောက်ဆုံးအမှုက တရားသေလွှတ်ပေးလိုက်တဲ့အတွက် ဝန်ကြီးချုပ်ဟောင်းယဉ်လတ်ရှင်နာဝပ်ထရာကို ထိုင်း နိုင်ငံပြန်လာခွင့်ပြုလိုက်မယ်ဆိုရင် ထိုင်းတရားစီရင်ရေးစနစ်ကို လူထုယုံကြည်မှု လျော့ပါးလာမှာဖြစ်ကြောင်း အထက်လွှတ်တော်အမတ်တစ်ဦးက ပြောကြားလိုက်ပါတယ်။

 

ယဉ်လတ်အနေနဲ့ ဆန္ဒရှိရင် ထိုင်းနိုင်ငံကို ပြန်လာနိုင်သလို လူထုကလည်း ခွင့်လွှင့်မှာဖြစ်ပေမဲ့ အစ်ကိုဖြစ်သူ ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာ ဝပ်ထရာလို အထူးအခွင့်အရေးတွေ ပေးခဲ့မယ်ဆိုရင် တရားစီရင်ရေးစနစ် ကို လူထုယုံကြည်မှု လျော့ပါးလာမှာ ဖြစ်ကြောင်း အထက်လွှတ်တော်အမတ် ဆမ်ချိုင်းဆွမ်းန်ကန်က အင်္ဂါနေ့ (မတ်လ ၅ ရက်နေ့) က မီဒီယာတွေ ကို ပြောပါတယ်။

 

သက်ဆင်ဟာ နာရီအနည်းငယ်သာ ထောင်ထဲမှာနေခဲ့ပြီး အမည်ဖော်ပြမထားတဲ့ ကျန်းမာရေးအခြေအနေ ကြောင့် ရဲတပ်ဖွဲ့အထွေထွေဆေးရုံကြီးကို ခေါ်ဆောင်သွားတဲ့အတွက် ထောင်ထဲမှာ တစ်ညတောင် မအိပ်ခဲ့ရ ဘူးလို့ ဆိုပါတယ်။

 

သက်ဆင်ရဲ့ ပြစ်ဒဏ်တွေကိုလည်း ရှစ်နှစ်ကနေ တစ်နှစ်အထိ လျှော့ချပေးခဲ့ပြီးနောက် ရက်ပေါင်း ၁၈၀ အကြာ မှာ အသက်ကြီးပြီး ကျန်းမာရေးမကောင်းဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ပြန်လွှတ် ပေးခဲ့တာဖြစ်ပါတယ်။

 

ဒါပေမဲ့ ယဉ်လတ်ဟာ အသက်ငယ်ပြီး ကျန်းမာရေးကောင်းနေတဲ့အတွက် လွတ်ငြိမ်းချမ်းသာခွင့်ရမှာမဟုတ်ဘူး လို့ အထက်လွှတ်တော်အမတ်က ပြောပါတယ်။

 

ယဉ်လတ်ကို အမှုနှစ်ခုကနေ တရားသေလွှတ်ခဲ့တာမှန်ပေမဲ့ ၎င်းအနေနဲ့ ထောင်ဒဏ် ငါးနှစ်ကျခံရဦးမှာဖြစ် တယ်လို့ ဆိုပါတယ်။

 

၂၀၂၀ သယ်ယူပို့ဆောင်ရေးစီမံချက်နဲ့ပတ်သက်ပြီး အာဏာအလွဲသုံးစားလုပ်ခဲ့တယ်ဆိုတဲ့စွဲချက်နဲ့ စွဲဆိုထားတဲ့ အမှုကို ထိုင်းတရားရုံးချုပ်က ပယ်ချလိုက်ပြီး ယဉ်လတ်မှာအပြစ်မရှိကြောင်း တနင်္လာနေ့က ဆုံးဖြတ်ချက်ချခဲ့ပါ တယ်။

 

ဒါ့အပြင် သာဝယ်လ်ပလီရန်ဆရီကို အမျိုးသားလုံခြုံရေးကောင်စီကနေ ဝန်ကြီးချုပ်ရုံးကို ပြောင်းရွှေ့ရာ မှာ အာဏာအလွဲသုံးစားလုပ်ခဲ့တယ်ဆိုတဲ့ စွဲချက်ကိုလည်း ပယ်ချခဲ့ပါတယ်။

 

ဒါပေမဲ့ ၎င်းအစိုးရရဲ့ အငြင်းပွားဖွယ်ရာ ဆန်စပါးအမတော်ကြေးအစီအစဉ်အတွက် ထောင်ဒဏ်ငါးနှစ် ပြစ်ဒဏ် ကျခံရဦးမှာဖြစ်ပါတယ်။ ယဉ်လတ်ကတော့ စွဲဆိုချက်အားလုံးကို ငြင်းပယ်ခဲ့ပြီး အဲဒီစွဲဆိုချက်တွေဟာ နိုင်ငံရေးအရ စွပ်စွဲခဲ့တာဖြစ်တယ် လို့ ပြောဆိုခဲ့ပါတယ်။

 

တပြိုင်တည်းမှာပဲ ယဉ်လတ်ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးဖို့ တင်ပြတောင်းခံထားတဲ့စာတစ်စောင်မှ ရရှိခဲ့ခြင်းမရှိကြောင်း တရားရေးဝန်ကြီး တာဝီးဆုန်ဆောင်းက သတင်းထောက်တွေကို ပြောပါတယ်။

 

ဒါပေမဲ့ ယဉ်လတ်အနေနဲ့ ထိုင်းနိုင်ငံကို ပြန်လာချင်တယ်ဆိုရင် ဘာတွေလုပ်ရမယ်ဆိုတဲ့အဆင့်တွေကိုတော့ တာဝီးဆုန်ဆောင်းက အသေးစိတ်ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။

 

ယဉ်လတ်ပြန်လာမယ်ဆိုတဲ့ကိစ္စကို နိုင်ငံရေးဆန်းစစ်လေ့လာသူတွေကတော့ သံသယရှိနေကြပါတယ်။

 

ထိုင်းကြည်းတပ်ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာဦးဆောင်တဲ့စစ်တပ်က ယဉ်လတ်ဦးဆောင်တဲ့အရပ်သားအစိုး ရကို ဖြုတ်ချလိုက်ပြီးနောက် သုံးနှစ်အကြာ ၂၀၁၇ ခုနှစ်မှာ ယဉ်လတ်ဟာ ထိုင်းနိုင်ငံကနေ ထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။

 

Ref: Yingluck will have no choice but to serve 5 years in prison, says outspoken senator

 

#PeopleMedia


Share this post